Extra ( ထယ်ယောင်း 💕 ရွီမု )

20.9K 1.6K 24
                                    

#Zawgyi

" မုလေး … ကို့ရဲ့ကလေးလေး  "

ခလေးဆိုးကြီးလိုချွဲနွဲ့နေတဲ့ ဒီလူကြီးကို ဘာလုပ်သင့်လဲ …

" နော်လို့ … ကိုတို့ ကလေးယူရအောင် "

ရွီမုစိတ်မရှည်တော့သည်နှင့် ထယ်ယောင်းရှိနေသည့်ဘက်အား လက်ထဲမှာကိုင်ထားတဲ့ Tv ရီမုနဲ့ ပြစ်ပေါက်လိုက်တော့ ထယ်ယောင်က အသာလေးရှောင်လိုက်သည် ။

ခုအိမ်တော်ကြီးမှာ ထယ်ယောင်းနဲ့ရွီမု ၂ ဦးထည်းနေပြီး ထယ်ယောင်းက ရှန်ဟိုင်းက ဆေးရုံမှာပဲအခြေချရန်ဆုံးဖြတ်ထားသည် ။ ဒါမှလဲ ကလေးနဲ့မခွဲရမှာကိုး …

ရွီမုကတော့ စီးပွားရေးလုပ်ငန်းတစ်ဝက်ကို ဦးဆောင်ပြီး ခုချိန် နာမည်တစ်ခုအထိရနေပြီဖြစ်သည် ။

ဒါပေမဲ့ ထယ်ယောင်းက ဒီဘဝနဲ့မကြေနပ်နိုင်ပဲ သူ့တို့ရဲ့မျိုးဆက်လေးတွေမွေးဖို့ အကြိမ်ကြိမ်ကြိုးစားပေမဲ့ ရွီမုကလက်မခံပဲ ငြင်းပယ်နေဆဲပင် …

ထယ်ယောင်းက ဆေးပညာအရာမှာတော်ပေမဲ့ ဒီလုပ်ရပ်ကနေ မှားယွင်မှုတစ်စုံတစ်ရာဖြစ်မှာကို ရွီမုကြောက်မိသည် ။ သူပြစ်လိုက်တော့ ထိမှန်မသွားပေမဲ့ ထယ်ယောင်စိတ်ထိခိုက်သွားဟန်တူ၏ ။

တိတ်ဆိတ်သွားတဲ့ထယ်ယောင်းကိုမြင်လိုက်ရတော့ ရွီမုအတော်လေးစိတ်မကောင်းဖြစ်သည် ။

" Hyung "

ထယ်ယောင်းကပြန်မထူး … ပို၍ပင်တခြားဘက်သို့ လှည့်သွားသေးသည် ။

ဒီလူကြီး စိတ်ဆိုးဟန်ဆောင်နေတာက တကယ့်ကို ရယ်စရာကြီး …

ရွီမုမနေနိုင်တော့၌ စနောက်ရန် ထိုင်နေရာကနေထလိုက်ပြီး ကျောပေးထားတဲ့ ထယ်ယောင်းကာ အနောက်ကနေ တိတ်တိတ်​လေးလျှောက်သွားပြီး ခါးအား အားပါပါဖြင့် ကိုင်လိုက်တော့ ထယ်ယောင်း မြောက်တက်မတတ်လန့်သွားသည် ။ အဲ့ဒိနေရာက သူ့အတွက် အထိမခံနိုင်တဲ့နေရာတစ်ခု "

" အ့ "

" ဟား … ဟား "

သဘောကြစွာရယ်နေတဲ့ ရွီမုကို ထယ်ယောင်းအလျှင်အမြန် ဖမ်းချုပ်လိုက်ပြီး …

DOLL  ( 🚨 20+ 🔞🚨 )( Completed )Where stories live. Discover now