Chapter - 136 ( ဇာတ်သိမ်းပိုင်း )

47.2K 3K 160
                                    

Unicode
~~~~~~~

သူမရဲ့ ရှိုက်ကြီးသငင် အော်ငိုသံတွေက ပင်လယ်ပြင်တခွင် ပဲ့တင်ထပ်နေ၏ ။

" လောင်ဝေ့ … ရှင်ဒီလိုမဖြစ်ရဘူး …ကျေးဇူးပြုပြီး တစ်ခါလေးပဲ …  တစ်ခါလေးပါပဲ ကျွန်မဆီပြန်လာပေးပါ "

Juck သခင်မကြီးအပါအဝင် ကျန်သူများအားလုံး သူမကို သနားဂရုနာသက်စွာဖြင့် ကြည့်နေယုံသာ တတ်နိုင်တော့သည် ။ ဘာမှမသိရှာတဲ့ သားငယ်လေး ဝေ့ရွီက မိခင်ငိုနေတာလဲမြင်ရော ယွင်ရှန့်ရင်ခွင်ထဲမှာနေပြီး ငိုနေရှာ၏ ။ ခုချိန်မှာ သူမခံစားနေရသည်မို့ မနှောက်ယှက်ချင်၍ ယွင်ရှန့် ခလေးကိုခေါ်ကာ လှေဦးပိုင်းဘက်သို့ထွက်လာခဲ့သည် ။ တခနကြာတော့ ဝေ့ရွီလေးလဲ အငိုတိတ်ပြီး ယွင်ရှန့်လက်ထဲတွင် အိပ်ပျော်သွားလေတော့သည် ။

ဂျက်ခင်မကြီးက ပေါက်ကွဲသွားသည့် ကျွန်းကြီးအား ငေးကြည့်ကာ တစ်စုံတစ်ရာတော့ မှားယွင်းနေပြီဆိုတာ သိလိုက်သည် ။ ဖုန်းကျစ်ဆိုတဲ့ မြေခွေးအိုကြီးက ဒီလောက်နှစ်တွေအကြာကြီး ပုန်းကွယ်နေနိုင်တာ ခုလိုလွယ်လွယ်နဲ့ ပေါက်ကွဲတဲ့ထဲ ပါသွားတယ်ဆိုတာ မဖြစ်နိုင်ဘူး ။ ပြီးတော့ သူမ ဖုန်းကျစ်အနောက်ကိုလိုက်တုန်းက ဖုန်းကျစ်ကိုမတွေ့တဲ့အပြင် ထောင်ခြောက်ထဲကိုပင်မိသွားသေးသည် ။ ဒါဆိုရင် ရိဖုန်းကျစ်က ကျွန်ပေါ်ကနေ ထွက်ပြေးသွားတာလား ? သူမတွေးရင်း ခေါင်းစားလာ၏ ။

ထိုစဉ် ယွန်းဂျယ်ကလဲ အငိုတိတ်ပြီဖြစ်၍ သူမထိုင်နေရာကနေထလာကာ ဂျက်သခင်မကြီးအရှေ့တွင်ရပ်လိုက်သည် ။ ပြီးနောက် သူမသိမ်းထားသည့် အကြည်ရောင်အရည်များပြည့်နေတဲ့ ပုလင်းလေးကို သခင်မကြီးထံ ပေးလိုက်သည် ။

" ဒါက ? "

" ဖြေဆေးပါ … ရောဂါအတွက်ဖြေဆေး … ရှင်တို့ ဒါကိုလိုအပ်မယ်လို့ ကျွန်မထင်လို့ပါ "

ထိုအခါ ဂျက်သခင်မကြီးက ဝမ်းသာအားရစွာဖြင့် ယူလိုက်ပြီး သူမပခုံးအား အသာအယာပုတ်ပေးလိုက်သည် ။ ယွန်းဂျယ်ကဆက်ပြောလာ၏ ။

DOLL  ( 🚨 20+ 🔞🚨 )( Completed )Where stories live. Discover now