Chapter - 127

27.4K 2.8K 174
                                    

Unicode
~~~~~~~

အစကတည်းက ရှောင်သခင်ကြီးဟာ Juck မိသားစုနှင့် ထိုသို့ပူးပေါင်းနိုင်ရန်ရည်ရွယ်ပြီး အိမ်တော်တည်ဆောက်ပေးခဲ့ခြင်းဖြစ်သည် ။ ရည်ရွယ်ချက်ဆိုပေမဲ့ သူမျှော်လင့်ချက်အနည်းငယ်သာထားရှိခဲ့သည် ။ အကယ်၍ လက်တွဲခွင့်မရခဲ့ရင်တောင် ဒီရင်းနှီးမှုက အလဟသမဖြစ်နေဘူး ။ ခုတော့အရာအားလုံး အောင်မြင်ခဲ့ပြီ ။ သို့ပေမဲ့ ထို Juck သခင်ငယ်လေးက ယွင်ရှန့်ဖြစ်နေလိမ့်မည်ကိုတော့ သူတို့လုံးဝပင် မထင်ထားခဲ့မိကြပေ ။ ယခင်ကအချိန်တွေကို ပြန်စဉ်းစားလျှင် သူတို့ ယွင်ရှန့်အပေါ်အပြစ်တွေရှိခဲ့၍ မျက်နှာပူနေကြသည် ။ Juck သခင်ကြီးအား မဝံ့မရဲဖြင့် ​ေရှာင်သခင်ကြီးက မေးမြန်းကြည့်လိုက်သည် ။

" ကျနော် Juck သခင်ကြီးကို မေးခွင့်ရှိမလား "

" မေးပါ ဥက္ကဌရှောင် "

" ဒီက သခင်လေး Juck Jesub က သခင်ကြီးရဲ့မြေးဆိုတာ ဘာကြောင့် ခုမှကြေငြာရတာလဲ  "

Juck သခင်ကြီးက သူ့ဘေးက ယွင်ရှန့်ကို ကြည့်လိုက်ပြီးနောက် ပခုံးပေါ်သို့ လက်တင်လိုက်ကာ ဖွဖွလေး ပုတ်ပြီး ပြန်ဖြေကြားလာ၏ ။

" မြေးလေးအသက်ရှင်နေသေးမှန်းသိရင် စောစောကတည်းက ရှာဖွေခဲ့ရမှာ  …… ထက်မြတ်လွန်းတဲ့ ဒီမြေးလေးကို အစကတည်းက မတွေ့ခဲ့ရတာ နောင်တရလို့မဆုံးဘူးဗျာ …… မြေးငယ်ကိုမြင်တိုင်း သမီးငယ်လေးကို ပြန်တွေ့နေရသလိုပဲ "

ထိုအခါ ရှောင် သခင်မကြီးက ယွင်ရှန့်အား သနားကရုဏာကြီးစွာ ကြည့်နေမိသည် ။ ဒီလိုအသိုင်းအဝိုင်းကြီးထဲက မျိုးဆက်က အတိတ်မှာ ကြမ်းတမ်းစွာ ဖြတ်သန်းခဲ့ရသည် ။ အခက်အခဲတွေ ဘယ်လောက်များခဲ့မလဲ မစဉ်းစားဝင့်တော့ပေ ။ ပြီးနောက် Juck သခင်ကြီးက တိတ်ဆိတ်စွာထိုင်နေသည့် ယွင်ရှန့်ဘေးက အမျိုးသမီးကိုပါ မိတ်ဆက်ပေးလိုက်သည် ။

" သူကတော့ Rose Marry …… မြေးငယ်လေးနဲ့စေ့စပ်ထားကြတယ်ဆိုပေမဲ့ ငယ်သေးတော့ လွတ်လွတ်လပ်လပ်ပေးနေခိုင်းထားတာ "

မိုခွန်းတစ်ယောက် စွံ့အသွားမိသည် ။ တစ်ဆက်ထည်း အကြည့်တွေက လုဖန်ထံရောက်ရှိသွာလေသည် ။ သခင်မကြီးရဲ့ ဂရုဏာအကြည့်တွေကလဲ လုဖန်ထံပြောင်းလဲသွားသည် ။ လုဖန်မျက်နှာက တည်ငြိမ်နေတော့မှ သူမသက်ပြင်းချနိုင်ခဲ့သည် ။ ဒီအကြောင်းအရာတွေကို လုဖန်ကြိုသိထားခြင်းကြောင့်သာ စိတ်ထိန်းနိုင်ခဲ့ခြင်းဖြစ်သည် ။ သို့ပေမဲ့ မကြေနပ်မှုနှင့် ဒေါသတွေကတော့ ရင်ထဲမှာပြောင်းဆန်လို့နေ၏ ။ ထိုစဉ် အရှေ့ကသူမရဲ့အကြည့်တွေက ယွင်ရှန့်ထံတွင်မရှိနေပဲ ယွင်ရှန့်အား စိုက်ကြည့်နေသည့် လုဖန်ထံတွင်ရောက်ရှိနေသည် ။

DOLL  ( 🚨 20+ 🔞🚨 )( Completed )Where stories live. Discover now