Chapter - 79

38.1K 2.9K 217
                                    

Unicode
~~~~~~~

' တစ်ယောက်ပုံတစ်ယောက် ဖုန်း Wallpaper အဖြစ် ထားခြင်း '

~~~~~~~~~~~~~~~~~~~~~~~~~~~~~

ရှောင်လုဖန်အိမ်ကိုပြန်ရောက်တော့ ဧည့်ခန်းထဲမှာ ထိုင်စောင့်နေသည့် အကိုဖြစ်သူမိုခွန်းက စိုးရိမ်ကြီးစွာဖြင့် မေးမြန်းရန်ပြင်လိုက်ချိန်တွင် မှိုရသည့်မျက်နှာထားနှင့်ရွှင်မြနေသည့် ညီငယ်အားတွေ့လိုက်ရပြီး သူ့ရဲ့စကားတွေက နှုတ်ဝ၌ပင် ရပ်တန့်သွားလေသည် ။ လုဖန်က မှင်သေနေသည့်အကိုဖြစ်သူအနားလျှောက်လာကာ ခုံံပေါ်တွင် ဝင်ထိုင်လိုက်ပြီး ရွှင်မြမြမျက်နှာပေးဖြင့် ဆိုလာ၏ ။

" ကိုကြီးကျေးဇူးတွေကို ကျနော်ဒီတစ်သက်မမေ့တော့ဘူး …… ကျနော်နောက်ထပ်လုပ်စရာတွေရှိလာပြီ …… အတူတူလျှောက်လည်ပြီးပြီဆိုတော့ သူ့ပုံကိုရိုက်ပြီး Wallpaper မှာထားရမယ် "

တစ်ယောက်ထည်းရေရွတ်နေသည့်ညီငယ်အားကြည့်ကာ မိုခွန်းပါးစပ်အဟောင်းသားဖြစ်နေရသည် ။ သူ့အကြံတွေက အဆင်ပြေတယ်ဟု ကြားရတော့မှ သက်ပြင်ချနိုင်လေတော့သည် ။

" ညီလေး ……ကိုကိုပြောတာနားထောင် ……ဒါမျိုးတွေက အဖြေပေးပြပီးသွားတော့မှ လုပ်ဆောင်ရတာ ……ညီလေးသူ့ကိုအဖြေတောင်းပြီးပြီလား "

လုဖန်က တွေးစစဖြင့်နားမလည်ဟန် ပြန်မေးလာ၏ ။

" ဘာအဖြေလဲ ……ဒါကသူပျော်အောင်လုပ်ပေးတာမဟုတ်ဘူးလား "

* ချစ်သူမဖြစ်ပဲဒီလိုတွေလုပ်နေတာ သူဘယ်လိုပျော်မလဲ *

အတွေ့အကြုံမရှိ မရင့်ကျပ်သေးသည့်ညီငယ်အားကြည့်ကာ မိုခွန်း ခေါင်းရမ်းနေယုံသာ တတ်နိုင်တော့သည် ။ မိုခွန်းက တစ်ကြိမ်တစ်ခါမှ လူတစ်ဦးတစ်ယောက်ကိုမလိုက်ဖူးသည့် လူတွေရဲ့စိတ်ကိုနားလည်မပေးတတ်သည့် လူ့ငတုံးလေးကို သူသိနားလည်သလောက်ရှင်းပြရန် ဆုံးဖြတ်ချက်ချလိုက်သည် ။

" ကိုကိုပြောပြမယ် ……လူတစ်ယောက်ကို လိုက်တယ်ဆိုတာ …… "

ထိုစဉ် အစောင့်တစ်ဦးက သူ့တို့အနားရောက်လာကာ မိုခွန်းအား တိုးတိုးလေးပြောလာသည် ။

DOLL  ( 🚨 20+ 🔞🚨 )( Completed )Donde viven las historias. Descúbrelo ahora