Chapter - 44

50.1K 3.3K 489
                                    

Unicode
~~~~~~~

" လု … လုဖန် "

" ညီလေး "

လုဖန်ရဲ့အကြည့်တွေက အံ့သြမှုနှင့် ဒေါသများရောယှက်နေပြီး နောက်ဆုံးသူ့ရဲ့အကြည့်တွေဟာ ယွင်ရှန့်ထံတွင်ရပ်တန့်သွား၏ ။ ယွင်ရှန့်ကိုယ်ပေါ်မှာ ဘာအဝတ်မှမပါပဲ ခါးပေါ်တွင် အဖြူ ရောင်တပတ်တစ်ထည်သာ ဖုံးအုပ်ထားသည့် ထိုမြင်ကွင်းကြောင့် လုဖန်မျက်မှောင်ကြုတ်လိုက်မိသည် ။

ယွင်ရှန့်က လဲကြသွားသည့်အရှိန်ကြောင့် ခြေထောက်နာသွားပြီး  မိုခွန်းရင်ခွင်ထဲကနေ မထနိုင်ဖြစ်နေ၏ ။ လုဖန်က အရှေ့သို့လျှောက်လာပြီး လက်ထိပ်ခပ်ထားသည့် ယွင်ရှန့်လက်နှစ်ဖက်အား ဆွဲကာ ထူလိုက်သည် ။

" အ့ "

နာကျင်နေသည့် ခြေထောက်ကြောင့် မထနိုင်သည့် ယွင်ရှန့်အား မိုခွန်းက ထိန်းပေးထားသည် ။  ဒီညီအကို ၂ ယောက်လက်ထဲတွင် ယွင်ရှန့်ခမျာ လွန်ဆွဲခံနေရသလို အရှေ့ကလဲဆွဲနေပြီး အနောက်ကလဲ လွှတ်မပေးခြေ ။ နောက်ဆုံးတော့ မိုခွန်းကလွှတ်ပေးလိုက်ပြီး ထရပ်လိုက်သည် ။

လုဖန်က ကျသွားသည့် အဖြူ ရောင်တပတ်အားဆွဲယူကာ ယွင်ရှန့်ခါမှာပတ်ပေးပြီးနောက် မိုခွန်းအားကြည့်ကာ ဒေါသ သကြီး မေးလာသည် ။

" ကိုကိုသူ့ကိုဘာလုပ်လိုက်တာလဲ …… ပြီးတော့ ဘာကြောင့်အခန်းထဲရောက်နေတာလဲ "

မိုခွန်းက အခြေအနေကိုအကဲခက်ကြည့်သလောက်တော့ လုဖန်က ထိုကောင်လေးကို မှတ်မိပုံမပေါ်ဘူး ။ အဲ့ဒိနောက် သူကပါဟန်ဆောင်ကာမေးလိုက်သည် ။

" ညီလေး …… သူကဘယ်သူလဲ "

လုဖန်က ယွင်ရှန့်ကို ဆွဲခေါ်ပြီး အရှေ့မှာကားထားလိုက်သည် ။

" ကိုကိုသိစရာမလိုဘူး …… အခန်းထဲကအမြန်ထွက်သွားပါ "

စိုးရိမ်တကြီးအော်နေသည့် လုဖန်ကိုမြင်တော့ မိုခွန်းက  သက်ပြင်းတစ်ချက်ချလိုက်ရင် လုဖန်ပုခုံးအား ဖွဖွလေးပုတ်ကာ ဆိုလာ၏ ။

" ကိုကိုဘယ်သူ့ကိုမှမပြောပါဘူး …… မစိုးရိမ်ပါနဲ့ …… ပြီးတော့ ဖြူ လုံး …… ယွင်လေးကို အဝတ်လဲပေးပြီး ခေါ်လာခဲ့ …… ဒေါ်လေးအောက်မှာရောက်နေတယ် "

DOLL  ( 🚨 20+ 🔞🚨 )( Completed )Where stories live. Discover now