Chapter - 34

59.6K 3.3K 359
                                    

Unicode
~~~~~~~

အချစ်က လူကို မျက်ကန်းဖြစ်စေသည် ……  ဒီစကားက သိပ်ကို မှန်ကန်လွန်းလှသည် …  တစ်ကြိမ်တစ်ခါမှ အချစ်ကို မခံစားဖူးသေးတဲ့နှလုံးသားလေးက အချစ်နဲ့တွေ့ရှိတဲ့အခါမှာ ထိုလူသားကို မျက်ကန်းဖြစ်စေသည် ။ အရာရာကို အကောင်းဘက်ကမြင်ပြီး ရူးသွပ်စေသည် ။ နောက်ဆုံး နှလုံးသားလေး ပြာဖြစ်သွားပြီး လောင်ကြွမ်းသွားတဲ့ထိပေါ့ …

ပိုးဖလန်လေးရဲ့အကြောင်းကို သင်တို့သိမှာပါ ။ သူဘာကြောင့်သေမှာအသိသိနဲ့ မီးထဲတိုးဝင်လဲဆိုတော့ အမှောင်ထက် အလင်ရောင်ကိုမြတ်နိုးတဲ့ သူ့ရဲ့စိတ်တွေက သာယာမှုအနောက်ကိုလိုက်ပြီး မျက်ကန်းဖြစ်စေခဲ့တဲ့အတွက် နောက်ဆုံး ဇာတ်သိမ်းမလှခဲ့ဘူး ။

အချစ်နဲ့တွေ့တဲ့အခါ ကျနော်တို့ဟာ တောက်လောင်နေတဲ့ မီးပုံထဲကို တိုးဝင်ရမယ်ဆိုရင်တောင် ကျေနပ်စွာဖြင့် လုပ်ဆောင်မိလိမ့်မည် ။ လုပ်သင့် မလုပ်သင့်ကို ဦးနောက်ကို စဉ်းစားခွင့်မပေးတော့ဘူး ။ အဲ့ဒိအချိန်မှာပဲ ဦးနောက်ဟာ နှလုံးသားနောက်လိုက်ပြီး မျက်ကန်း ဖြစ်စေခဲ့သည် ။

                           *********

ယနေ့နှင့်ဆိုလျင် ယီရှင်း ဂျွန်အိမ်တော်သို့ ရောက်ရှိနေခဲ့တာဟာ တစ်ပတ်ခန့်ရှိခြေပြီ ။ သူ့ရဲ့မာယာတွေအောက်မှာ ဂျွန်သခင်ကြီးက ယုံကြည်စွာဖြင့် သူ့လုပ်ငန်တချို့ကိုပင် ယီရှင်းအားလွှဲပေးခဲ့သည် ။ ထိုတစ်ပတ်အတွင်း ယီရှင်းဆုံစမ်းမိသမျှက ထိုဂျွန်သခင်ကြီးမှာ မိဘဆွေမျိုးများ မရှိကြတော့ဘူး ။ သူဟာ ရှန်ဟိုင်းက ရှောင်သခင်ကြီးနှင့် မိတ်ဆွေဖြစ်ပြီး အချမ်းသာဆုံး စာရင်းဝင်တစ်ဦးလဲဖြစ်သည် ။

သူ့ရဲ့လုပ်ငန်းတွေက Korea နှင် ရှန်ဟိုင်းနယ်တလျှောက်မှာ အများအပြားရှိနေပြီး ကမ္ဘာအရပ်ရပ်က မြို့များမှာလဲ လုပ်ငန်းခွဲများ ရှိနေသေးသည် ။ သူ့ရဲ့အရင်မိန်းမရဲ့အကြောင်းကိုတော့ ယီရှင်းအသိအကျမသိရဘူး ။ ထိုသခင်မကြီးက လူတွေနဲ့ သိပ်မရင်းနှီးသလို အပြင်လဲထွက်လေ့မရှိဘူးဟု သိရသည် ။

နောက်ကွယ်က အကြောင်းအရင်းကို ယီရှင်းမသိရပေမဲ့ သူက ထိုမိသားစုကို သူခံစားရသလို ဖြစ်စေချင်သည်ဟူသော တစ်ဖက်နင်းအတွေးကြောင့် နောက်ကြောင်းတွေထက် ရှေ့ရေးကိုသာ ဦးစားပေး စဉ်းစားခဲ့သည် ။ သခင်ကြီးရဲ့ ယခုမိသားစုကိုလဲ ပြိုကွဲပြီး ဒီအိမ်တော်ကြီးကနေ မိခင်ကို ခေါ်ထုပ်ချင်သည့် ယီရှင်းဆန္ဒရဲ့ အသိစိတ်က ဦးနောက်ရဲ့ စဉ်းစားနိုင်စွမ်းကို ဖြုံးလွှမ်းသွားပြီး လုပ်သင့် မလုပ်သင့်ကို မစဉ်းစားတော့ပဲ ဆုံလုံးကမ်းစေခဲ့သည် ။

DOLL  ( 🚨 20+ 🔞🚨 )( Completed )Donde viven las historias. Descúbrelo ahora