EXTRA ( ရှင်း 💕 ဟေး )

26.9K 1.7K 48
                                    

#Zawgyi

ကျူးယီရှင်း 💕 ဂျွန်ဟေးယောင်

" ရှင်း "

" ကိုကို "

မနက်စာအတွက် ပြင်စဉ်နေခိုက် ဟေးယောင်ခေါ်သံကြောင့် ရှင်းတစ်ယောက် လုပ်လက်စအလုပ်တွေကို ထားခဲ့ပြီး အပေါ်ထပ်မှဆင်းလာသည့် ဟေးယောင်ထံ ပြေးလာခဲ့သည် ။

ဒီနေ့က ရှင်းနဲ့ဟေးယောင်တို့ရဲ့ မင်္ဂလာနှစ်ပတ်လည် ၅ နှစ်ပြည့်ပြီမို့ အလုပ်တွေအားလုံးနားကာ ဟေးယောင်ကိုအချိန်ပေးဖို့အတွက်နဲ့ ကိုယ်တိုင်ချက်ပြုတ်ကြွေးချင်၍ ရှင်း မနက်အစောကြီးကတည်းက ပြင်ဆင်နေခဲ့ခြင်းပင် ။

ရှင်းက လှေကားထစ်ပေါ်ကနေဆင်းလာသည့် ဟေးယောင်အား စွေ့ကနဲ့ ပွေ့ချီလိုက်တော့ ဟေးယောင်ရုတ်တရပ်မို့ ရှင်းရဲ့ပခုံးအား ကုတ်သွယ်ကာ ဖက်ထားမိသည် ။

" ရှင်း မပြောမဆိုနဲ့ ရုတ်တရပ်ကြီးမလုပ်ပါနဲ့ဆို "

" အဟား … ကိုကိုက မနက်အိပ်ယာထလာချိန်ဆို ရှုတ်ပွနေတဲ့ ဆံပင်လေးနဲ့ ဖောင်းမို့နေတဲ့ မျက်လုံးလေးတွေက အရမ်းချစ်ဖို့ကောင်းနေတော့ ကျွန်တော်စိတ်မထိန်းနိုင်လို့ပါ "

အိမ်​အောက်ထက်ကိုရာက်တော့ စိတ်ကိုဆွဲဆောင်နေသည့် စားပွဲပေါ်ကဟင်းရနံ့ကြောင့် ဟေးယောင်ရှင်းအပေါ်ကနေဆင်းလိုက်ပြီး မီးဖိုခန်းထဲသို့ပြေးဝင်လာ၏ ။

မျိုးစုံသော ဟင်းပွဲတွေက စားပွဲပေါ်မှာအစီအရီချထားပြီး စားဖို့အတွက် အဆင်သင့်ဖြစ်နေခြေပြီ ။

ရှင်းက ဟေးယောင်အတွက် ခုံတစ်လုံဆွဲယူပေးပြီး ထိုင်စေပြီးနောက် သူပါဟေးယောင်ဘေးတွင် ကပ်ထိုင်လိုက်ပြီး ပန်းကန်တစ်ချက်ကိုယူလိုက်သည် ။

ဟေးယောင်ကြိုက်တက်သည့်ဟင်းများကို ပန်းကန်ထဲ ထည့်ပြီး ချပေးလိုက်သည် ။

" ကျွန်တော့ရဲ့ချစ်ဇနီးလေး … စားလို့ရပါပြီဗျ "

ဟေးယောင် ရှက်ပြုံးလေးတစ်ချက်ပြုံးလိုက်ပြီးနောက် ဆာလောင်နေသည့်ဗိုင်ကိုဖြည့်ရန် တူကိုယူပြီး ပန်းကန်ထဲက အစားအစာတွေကို စားသုံးနေလိုက်သည် ။

DOLL  ( 🚨 20+ 🔞🚨 )( Completed )Where stories live. Discover now