Chapter - 30

69.5K 3.8K 271
                                    

Unicode
~~~~~~~

ရှောင်အိမ်တော်ကြီးအတွင်းမှာတော့ သခင်မကြီး လုမိုနန်းဟာ သူ့ရဲ့သားငယ်လေးက မိန်းကလေးတစ်ယောက်ကို ရင်ခွင်ထဲမှာ ပွေ့ချီလာသည်ကို မြင်ပြီးသည့်နောက် မယုံကြည်နိုင်စွာဖြင့် ထိုင်နေရာမှထကာ အနားသို့ တိုးကပ်သွားလေသည် ။

ယွင်ရှန့်တစ်ကိုယ်လုံးမှာ အနီကွက်များရှိနေ၍ လုဖန်က သူ့ရဲ့အပေါ်ထည်ကို လွှမ်းခြုံပေးထား၍သာ သော်သေးသည် ။

" သား …… မင်းသူစိမ်းမိန်းကလေးတစ်ယောက်ကို ဘာကြောင့် ဒီလိုပုံစံနဲ့ ခေါ်လာရတာလဲ "

ထိုအခါမှ လုဖန်ရပ်နေရာမှ အရှေ့သို့ လျှောက်လှမ်းလာကာ ယွင်ရှန့်ကို ဧည့်ခန်းထဲက ဆိုဖာပေါ်သို့အသာအယာ ချပေးလိုက်သည် ။  ယွင်ရှန့်ရဲ့ မျက်နှာချင်းဆိုင်နေရာမှာတော့ ယွန်းဂျယ်ရှိနေပြီး သူမအကြည့်တွေက မလိုမုန်းတီးမှုတွေကို ဖော်ပြနေသည် ။

ယွင်ရှန့်ရဲ့ ယခုပုံစံကိုမြင်ရတော့ ယွန်းဂျယ်ပင် မအံ့သြပဲ မနေနိုင်ခဲ့ပေ ။ ရှောင်သခင်မကြီးက လုဖန်နဲ့အတူ ဝင်ထိုင်လိုက်တော့ ခုအနေအထားက ယွင်ရှန့်နဲ့ ယွန်းဂျယ်က မျက်နှာခြင်းဆိုင် လုဖန်နဲ့သခင်မကြီးကတော့ ဧည့်ခန်းရဲ့ ထိပ်ဆုံးက ခုံပေါ်တွင်ထိုင်နေပြီး အခြေအနေက အနည်းငယ်တော့ ယွင်ရှန့်အတွက် အနေရခက်စေသည် ။

ယွင်ရှန့်သခင်မကြီးကို အကဲခတ်ကြည့်မိသည် ။ သူမက ငယ်ရွယ်နုပျိုပုံပေါ်ပြီး လုဖန်ကိုအတော်လေးချစ်ပုံရသည် ။  သူမ ယွင်ရှန့်ကို အကဲခတ်ကြည့်တဲ့အချိန်က သူမမျက်ဝန်းတွေမှာ အထင်သေးမှု နှိမ့်ချမှုတွေမပါပဲ ပုံမှန်အနေအထားပင်ရှိနေသည် ။သခင်မအများစုက ဘယ်ကဘယ်လိုရောက်လာမှန်း မသိတဲ့ လူတစ်ယောက်ကို ကြည်ဖြူ စွာအိမ်ထဲဝင်ထိုင်ခွင့်ပြုရန်က ခက်ခဲလှသည် ။

ခုလိုအဖိုးတန်ရတနာလိုသားလေးက ပွေ့ချီလာသည့်မိန်းကလေးကို ပို၍ပင် အထင်သေးအမြင်သေးကြလိမ့်မည် ။  သို့ပေမဲ့ ရှောင်သခင်မကြီးကတော့ ထိုသို့မဟုတ်လေပဲ လုဖန်ရဲ့ပျော်ရွှင်မှုကိုသာ ပို၍အလေးထားပုံပေါ်သည် ။  သူမက ယွင်ရှန့်အား အပြစ်မဆိုပဲ ခွင့်ပြုထားလေသည် ။

DOLL  ( 🚨 20+ 🔞🚨 )( Completed )Where stories live. Discover now