Chapter - 108

37.2K 2.8K 192
                                    

Unicode
~~~~~~~

Ch-50

မနက်ခင်း နေရောင်ခြည်ဖျော့ဖျော့လေးများက အဖြူရောင် ဆံနွယ်လေးများပေါ်သို့ ကျဆင်းနေသောကြောင့် နတ်သားလေးတဖွယ်တောင်ပနေ၏။ညက ယွင်ရှန့် လုဖန်ရင်ခွင်ကြားတိုးဝင်ကာ တိတ်တိတ်လေး ငိုနေခဲ့ခြင်းကြောင့် မျက်လုံးများဖောင်းမို့ကာ နီရဲလို့နေသည် ။ ယွင်ရှန့်ရဲ့ မနက်ခင်းက ခါတိုင်းလို ရွှင်လန်းခြင်းမရှိနေခဲ့ ။ ဘေးနားကိုကြည့်လိုက်တော့ လုဖန်ရှိမနေ​တော့ပေ ။ ညကအကြောင်းအရာတွေကို ပြန်မစဉ်းစားချင်တာနဲ့ ရွှင်လန်းသွားအောင် ရေချိုးပြီးနောက် ယွင်ရှန့်အောက်ထပ်ကိုဆင်းလာခဲ့သည် ။ ခါတိုင်းဆို လုဖန်ဒီအချိန် မနက်စာမှာပြီးနှင့်နေပြီ ။ ဒီနေ့တော့ ထမင်းစား စားပွဲပေါ်မှာ ဘာတစ်ခုမှပြင်ဆင်ထားခြင်းမရှိနေဘူး ......

" သူဘယ်ရောက်နေတာလဲ "

" အ့ "

ထိုစဉ် တဖက် မီးဖိုခန်းထဲက အော်သံနှင့်အတူ တစ်စုံတစ်ခု လွတ်ကြသံကိုကြားလိုက်ရ၍ ယွင်ရှန့် အပြေးသွားကာ ကြည့်လိုက်သည် ။ လက် ၂ ဖက်ကိုပွတ်ကာ နာကျင်နေပုံပေါ်နေသည့်လုဖန် သူ့ရဲ့ အရှေ့မှာ ဇွန်းတစ်ချောင်း ကြမ်းပြင်ပေါ် ကျနေပြီး မီးဖိုပေါ်က ဒယ်ထဲမှာတော့ အမဲရောင်ဖြစ်နေသည့် ကြက်ဥကြော် ......

ဒါက မနက်စာကိုယ်တိုင်ပြင်နေတာလား ... ?

မျှော်လင့်မထားသည့် မြင်ကွင်းတစ်ခုမို့ ယွင်ရှန့် ကြောင်ကြည့်နေမိသည် ။ လုဖန်လက်က ဆီပူလောင်သွားဟန်တူ၏။ ဖြူအုနေသည့်လက်ပေါ်မှာ အနီရောင် အပိန့်များကအထင်းသားပေါ်နေသည် ။ယွင်ရှန့် ဒယ်အိုးကမီးကိုပြေးပိတ်ရမခက် လုဖန်လက်ကို ပြေးကိုင်ရမခက်ဖြစ်နေချိန် ကြက်ဥကျော်က အငွှေ့များထွက်လာခြင်းကြောင့် မီးခလုပ်ကိုမိန်းချလိုက်သည် ။လုဖန်က မျက်နှာငယ်လေးနဲ့ ယွင်ရှန့်ကိုကြည့်လိုက် ဒယ်အိုကိုကြည့်လိုက် လုပ်နေပြီး စကားတစ်ခွန်းမှထွက်မလာခြေ ။ အခြေအနေအားလုံး တည်ငြိမ်သွားတော့မှ ယွင်ရှန့်သက်ပြင်းချလိုက်ပြီး လုဖန်အရှေ့၌ ခါးထောက်ကာ ရပ်လိုက်သည် ။

" ယွင်လေး ....ကိုယ် ...... "

ယွင်ရှန့်က လုဖန်စကားကို နားမတောင်ပဲ ဆီပူလောင်ထားသည့်လက် ၂ ဖက်ကို ဆွဲယူကာ ဆိုလိုက်သည် ။

DOLL  ( 🚨 20+ 🔞🚨 )( Completed )Where stories live. Discover now