Chapter - 65

48.9K 3.9K 419
                                    

Unicode
~~~~~~~

Warning 🌚🌚

အဖြူ ရောင် ဆံပင်လေးများနဲ့ ကောင်ငယ်လေးတစ်ယောက်ဟာ အခန်းထောင့်လေးရဲ့တစ်နေရာမှာ ငိုရိုက်နေ၏ ။ ထိုခလေး၏ ဟစ်အော်ငိုကြွေးသံများက အပြင်လောက၌ ရွာသွင်းနေသည့် မိုးရေစက်များ၏မည်သံကိုပင် ဖုံးလွှမ်းသွားစေသည် ။

" အိမ်ပြန်ချင်တယ် …… အားးးး  …… အိမ်ကိုပြန်ပို့ပေးပါ …… ဖေဖေနဲ့မေမေကိုတွေ့ချင်တယ် "

" ပါစပ်ပိတ် …… မင်းထပ်ပြီးအော်နေရင် မနေ့ကလို အပြင်ဘက်မိုးရေထဲမှာ ထားထားမယ် "

" ဟင့်အင် … ကြောက်တယ် …… အပြင်ကိုမထွက်ခိုင်းပါနဲ့ …… ဟင့် …… ဟင့် …… "

ကောင်ငယ်လေးက ငိုရှိုက်ကာ တောင်းပန်နေ၏ ။ လုဖန်အာရုံထဲ၌ ထိုမြင်ကွင်းအား ပျက်သားကြည်လင်စွာ တွေ့မြင်နေရသည် ။ ငိုနေသည့်ကောင်လေးက သူ့အားတောင်းပန်နေရှာ၏ ။ တခြားခလေးတစ်ယောက်၏အသံက သူ့ရဲ့အနောက်မှ ထွက်ပေါ်လာခြင်းဖြစ်သည် ။ လုဖန်အနောက်သို့လှည့်ကြည့်လိုင်သော်လဲ ဘယ်အရာကိုမှမတွေ့ ။ ငိုနေသည့်ခလေးငယ်အားကြည့် ပြီး လုဖန် စိတ်ရှုတ်လာသည် ။

" ဘာတွေလဲကွာ …… ဟေး … ခလေး …… မင်းဘယ်ကရောက်လာတာလဲ …… နေပါဦး ငါကဘယ်ရောက်နေတာလဲ "

လုဖန်ခုမှ သတိထားမိသွားပြီး အခန်းအာကြည့်လိုက်ရာတွင် သူနေနေသည့်အခန်းဖြစ်နေ၏ ။ ကုတင်ပေါ်သို့အကြည့်ပို့လိုက်ချိန်တွင် ယွင်ရှန့်က မရှိတော့ပေ ။

" ယွင်ရှန့် …… ယွင်ရှန့် "

" ဟင် "

လုဖန်ခြေလှမ်းတွေ ကုတင်ထံဦးတည်နေရင်း အနောက်မှဖြေသံကြောင့် ခြေလှမ်းတွေကိုရပ်တန့်လိုက်ပြီး လှည့်ကြည့်လိုက်ရာတွင် ထောင့်လေးမှာထိုင်နေသည့် ခလေးငယ်လေးမှ ထူးလိုက်ခြင်း ဖြစ်လေသည် ။ လုဖန် အံ့အားသင့်သွားပြီး ကျောက်ရုပ်ပမာ ငြိမ်သက်စွာရပ်နေ၏ ။ ထိုကလေးက လုဖန်အားစိုက်ကြည့်နေရင်း သူ့ရဲ့မျက်ဝန်းက မျက်ရည်များ အဆက်မပြတ် စီးကျနေလေသည် ။

သူ့ရဲ့လက်သေးသေးလေးတွေမှာ သေငယ်သည့်လက်ထိပ်ဖြင့် ခပ်ထားခြင်းခံရပြီး အဖြူ ရောင်အင်္ကျိနှင့် ဒူးထိဘောင်းဘီကို ဝတ်ဆင်ထားလေသည် ။ သူ့ရဲ့ခြေထောက်မှာတော့ ကြိုးရာများက အနီဆင်းများအဖြစ် ရှိနေ၏ ။ ငိုနေသည့်ခလေးငယ်ဟာ တုန်ရင်နေပြီး လုဖန်ရဲ့မျက်လုံးရှေ့မှာပဲ တဖြေးဖြေးအငွှေ့တဖွယ် ပျောက်ကွယ်သွားလေတော့သည် ။ ထိုအခါမှ လုဖန်သတိပြန်ဝင်လာပြီး အခန်းတစ်ခုလုံး ပတ်ကာ ရှာဖွေနေမိသည် ။

DOLL  ( 🚨 20+ 🔞🚨 )( Completed )حيث تعيش القصص. اكتشف الآن