Chapter - 129

27.7K 2.9K 146
                                    

Unicode
~~~~~~~

Relation Ship တစ်ခု ပြီးဆုံးသွားတဲ့အခါ ထားသွားတဲ့သူထက် အထားခံရသူက ပိုနာကျင်ရတယ်လို့ အားလုံးက မြင်ကြလိမ့်မယ် ။ အကြောင်းပြချက် တစ်စုံတစ်ရာမရှိ မျှော်လင့်ချက်ပျောက်ဆုံးပြီး အသက်မဲ့စွာ ရှင်သန်နေခဲ့ရတယ် ။ တကယ်တော့ ခံစားချက်အမှန်ကို ဖုံးကွယ်ပြီး အချစ်ရဆုံးသူ အဆင်ပြေဖို့အတွက် ထားသွားတဲ့သူက နောင်တများစွာနဲ့ ပိုပြီးနာကျင်ခဲ့ရတယ် ။ သူ့မှာက ဘဝပါပျောက်ဆုံးလုမတတ်ပါပဲ ။

လွန်ခဲ့သော ၅ နှစ်ခန့်
~~~~~~~~~~~~~~~~

ယွင်ရှန့် Pov ~ ~ ~

ကျနော့ရဲ့ရှင်တန်မှုက အရုပ်တစ်ရုပ်သာသာပါပဲ … တစ်နေ့တစ်နေ့ လုဖန်ကို ပိုပြီး အခက်တွေ့လာစေတယ်လို့ ကျနော်ထင်မိတယ် … သူက ဘယ်အရာကိုမှ ဂရုမစိုက်ပဲ နေတတ်ပေမဲ့ သူ့ဘဝကိုတော့ ဂရုစိုက်သင့်တယ်လေ … ကျနော့လို Doll တစ်ယောက်အတွက်နဲ့ သူ့ဘဝကို ပေးစပ်တာက လက်မခံနိုင်တဲ့ လဲလှယ်မှုမျိုးပဲ …

" ယွင်ရှန့် မင်းတကယ် ထွက်သွားဖို့ အဆင်ပြေရဲ့လား  ……အချိန်နည်းနည်း ထပ်စောင့်လိုက်ပါကွာ ……လုဖန်သူ တစ်ခုခုတော့ စီစဉ်ထားမှာပဲလေ "

ရွီမု အတန်တန် တားနေပေမဲ့ ကျနော့စိတ်တွေ လေးလံနေတယ် … ကျနော် ဆိုးရိမ်တာက ကျနော့ကြောင့် လုဖန်ဘဝ ထိခိုက်မှာကိုပဲ … တကယ်တော့ ကျနော်တို့ဘဝတွေ ဘယ်နည်းနဲ့မှ မပေါင်းဖက်နိုင်ဘူးဆိုတာ ကျနော်သိခဲ့သင့်တယ် … ဘာအတိုင်းအဝိုင်းမှမရှိ နိမ့်ကျတဲ့ ကျနော်နဲ့ ကောင်းကင်ပေါ်က နေမင်းကြီးလို ထွန်းတောက်နေတဲ့ သူလို သခင်လေးတစ်ယောက်နဲ့ပေါ့ …… ဒါက မိုးနဲ့မြေလို ကွာခြားလွန်းတယ် …… ကျနော်ထွက်သွားပြီးမှ နောင်တရမိတယ် … လုဖန်ကို ကျနော် ထာဝရဆုံးရှုံးလိုက်ရပြီ ဆိုတာကို လက်မခံနိုင်ဘူး … တစ်ခြားသူလက်ထဲကို ကိုယ်တိုင်ပို့ပေးလိုက်သလိုဖြစ်နေပြီလား … ဖိအားနည်းနည်းလေးကို တောင့်မခံနိုင်တဲ့ ကိုယ်ကိုယ်ကိုပဲ အပြစ်ဆိုရတော့မယ် …  လုဖန်ကို ပြန်လိုချင်တယ် … ဒါပေမဲ့ သူက ခု တစ်ခြားသူလက်ထဲရောက်သွားပြီ … ကျနော်ကိုယ်တိုင် ပို့ပေးလိုက်မိတာပဲ … ပြန်စဉ်းစားတိုင်း မွန်းကြပ်လာတယ် … ကျေးဇူးပြုပြီး အချိန်တွေ နောက်ပြန်လှည့်ပေးကြပါဗျာ … ကျနော်အတိတ်တွေ မမေ့သေးတဲ့ ဟိုးငယ်ဘဝကို ပြန်သွားပါရစေ ……

DOLL  ( 🚨 20+ 🔞🚨 )( Completed )Where stories live. Discover now