Chapter - 128

28.4K 2.8K 169
                                    

Unicode
~~~~~~~

အခန်းကျဉ်းလေးထဲ၌ အသက်ရှူသံမှအပ ဘာအသံမှမကြားရပဲ တိတ်ဆိတ်မှုက ကြီးဆိုးနေ၏ ။ တစ်ယောက်နှင့်တစ်ယောက် အကြည့်ချင်းစုံနေကြသော်လဲ စကားသံများထွက်မလာခြေ ။ ယွင်ရှန့် နှလုံးသားထဲ၌ နာကျင်မှုတစ်ခု စတင်ဖြစ်ပေါ်လာသည် ။ သူမှားယွင်းစွာ ယုံကြည်မိလိုက်သည်က လုဖန်ဟာ သူမဟုတ်ပဲ မိန်းကလေးများနှင့် ပျော်နေပြီဟူ၍ပင် ။ ဤအတွေးက သူ့အား ထိုနေရာ၌ ဆက်ပြီးမရပ်နိုင်အောင် တွန်းအားပေးနေခဲ့သည် ။ သူဘာကြောင့် မိန်းကလေးတစ်ယောက်ကို ဖျက်စီးဖို့ကြိုးစားတာလဲ ? Marry သာဖုန်းမခေါ်လျှင် ခုချိန် သူ့ရဲ့အရုပ်နေရာမှာ အစားထိုးပြစ်မှာလား ဆိုသောအတွေးက ယွင်ရှန့်ရင်ကို ပို၍ ပူလောင်လာစေသည် ။ မျက်နှာထားပြောင်းလဲသွားသည့် ယွင်ရှန့်ကြောင့် လုဖန်ဆက်ပြီး ရပ်မနေနိုင်တော့ပဲ နားလည်မှုလွဲမှာနေသည်ကို စတင်ရှင်းပြရန် ကြံရွယ်မိတော့သည် ။

" မင်းကိုယ့်ကို အထင်လွဲနေတာတော့ မဟုတ်ပါဘူးနော် … ကိုယ်ရှင်းပြမယ် "

ထိုစဉ် ယွင်ရှန့်ထံက ပျက်သားသည့် စကားလုံးများ ထွက်ပေါ်လာ၏ ။

" ငါသာ အချိန်မှီရောက်မလာခဲ့ရင် မင်းသူမကို ဘယ်အခြေအနေထိ ဆက်လုပ်နေမှာလဲ "

" ကိုယ်သူ့ကို ကစားတာမဟုတ်ဘူး "

" ရှောင်လုဖန် …… မင်းမှာမိသားစုရှိနေတာတောင် တစ်ခြားမိန်းကလေးကို ဒီအခန်းထဲ ခေါ်လာရက်တယ် …… သူနဲ့ဆို ဒါက ဘယ်နှယောက်မြောက်လဲ "

ယွင်ရှန့် စိတ်ထဲကမပါသော်လဲ သူမနဲ့ လုဖန် ပတ်သပ်မှုကိုမြင်ပြီး နာကျင်စွာဖြင့် အော်ဟစ်ကာပြောမိခြင်းပင် ။

" မင်းပြောတာတွေ ကိုယ်နားမလည်ဘူး ……ကိုယ့်ကို တွေ့ကရာလူနဲ့ကစားတယ်လို့ ထင်နေတာလား "

" ငါမထင်ရဲ့ပါဘူး ……ဒီအိမ်မှာမင်းကသခင်ပဲလေ ……Doll တွေကိုအချိန်မရွေးရှာနိုင်တယ် ……ဒါပေမဲ့ ငါမင်းကို သတိပေးချင်တယ် ……လူတိုင်းက မင်းထင်သလို မင်းအပိုင်မဟုတ်ဘူး ……သူတို့အားလုံးမှာ ခံစားချက်ရှိတယ် ……ဒါတွေကို မင်းနားလည်ရင်ကောင်းမယ် "

DOLL  ( 🚨 20+ 🔞🚨 )( Completed )Where stories live. Discover now