Extra ( ယုမေလျန် 💕 လင်းနန်းလီ )

17K 1.3K 72
                                    

#Unicode

ဝေ့ရွီလေး ခုဆို အသက် ၈ နှစ်အရွယ်သို့ ရောက်ရှိနေပြီး ဒုတိယတန်းကျောင်းသားလေးဖြစ်လို့နေပြီ ... နန်းလီက သူမရဲ့ တူလေးကို မိဘအရင်းတစ်ယောက်ပမာ ပြုစုပျိုးထောင်ပေးခြင်းကြောင့် ဝေ့ရွီလေးဟာ သိတတ်ပြီး လူချစ်လူခင်ပေါသော ကလေးငယ်လေးတစ်ဦးဖြစ်လို့နေသည် ။

နန်းလီ ဆုရပြီးကတည်းက ရုပ်ရှင်လောကကပါ သူမကို ကမ်းလှမ်းလာပြီး ခုဆို ပထမဆုံး ပွဲဦးထွက်ရုပ်ရှင်ဟာ ဆုများစွာရရှိထားပြီး သူမဟာ အောင်မြင်တဲ့ မော်ဒယ်မင်းသမီးတစ်ဦးဖြစ်နေပြီ ...

မေလျန်ဟာလဲ သူ့ကို ပံ့ပိုးပြီး အနောက်ကနေလိုက်ကာ ကာကွယ်စောင့်ရှောက်ပေးသည် ။ ခုဆို သူမတို့အတွဲက Fan အားကျရတဲ့ ခိုင်မြဲတဲ့ Rs တစ်ခုကိုပိုင်ဆိုင်ထားပြီးဖြစ်သည် ။

နန်းတို့တို့ အလုပ်အားတဲ့အချိန်တိုင်း ဖခင်ဖြစ်သူနဲ့ တူလေးဝေ့ရွီရှိနေတဲ့ ရှန်ဟိုင်းကအိမ်တော်မှာ လာနေလေ့ရှိသည် ။ ဒီနေ့လေးက ဝေ့ရွီလေး ဒုတိယတန်းစာမေးပွဲကြီးဖြေဆိုမည့် နောင်ဆုံးနေ့ဖြစ်တာမို့ နန်းလီက သူမကိုယ်တိုင် ကျောင်းလိုက်ပို့ရန်ပြင်ဆင်ပေးနေ၏ ။

ကျောင်းဝတ်ဆုံလဲပြီးသွားတော့ ဝေ့ရွီလေးအတွက်ပြင်ပေးထားတဲ့ စားစရာတွေထည့်ထားတဲ့ ခြင်း လေးကိုဆွဲကာ အိမ်ရှေ့သို့ ထွက်လာခဲ့သည် ။ သူမတို့ ကားနားရောက်တော့ မေလျန်က ကားတံကားဖွင့်ပေးထားပြီး အဆင်သင့်စောင့်နေ၏ ။

" ဝေ့ရွီနဲ့မေ ပြီးပြီဆို သွားကြမယ် "

ဝေ့ရွီလေးက မျက်နှာချိုတဲ့ခလေးဖြစ်တာမို့ မေလျန်ကိုပြုံးပြပြီး ကားပေါ်လိမ်မာစွာတက်သွားသည် ။ ပြီးနောက် သူတို့ အိမ်ကနေ ကျောင်းရှိရာသို့ ထွက်လာခဲ့ကြသည် ။

မေလျန်က ကားမောင်းနေရင်း ဘေးမှာထိုင်နေတဲ့ နန်းလီအား လှမ်းပြောလိုက်သည် ။

" နန်း ဒီနေ့ မမတို့ ယွင်ရှန့်တို့ကို သွားတွေ့ရင်မကောင်းဘူးလား "

" အင်း ... ကိုကိုလဲ မွေးဖွားခါနီးပြီဆိုတော့ နန်းတို့ သွားတွေ့သင့်တယ်...

DOLL  ( 🚨 20+ 🔞🚨 )( Completed )Where stories live. Discover now