Chapter - 73

43.5K 2.8K 179
                                    

Unicode
~~~~~~~

တိတ်ဆိတ်နေသည့်အခန်းကျဉ်းလေးထဲတွင် ယွင်ရှန့် မတ်သပ်ရပ်နေပြီး သူ့ရဲ့အရှေ့မှာတော့ စာကြည့်စားပွဲပေါ်တွင် လုဖန်ထိုင်နေ၏ ။ ကျောင်းသားအားလုံးက ကျောင်းစာများနှင့် အလုပ်ရှုပ်နေ၍ ကန်တင်းတို့ ပန်းခြံတို့လိုနေရာမျိုးမှာ စာအုပ်ကိုယ်စီဖြင့် စာနွှေးနေကြသည် ။  ကျောင်းခန်းထဲကိုတော့ ဖြေဆိုချိန်မဟုတ်တဲ့အတွက် ဝင်ခွင့်ပိတ်ထား၍ ကျောင်းအပြင်၌သာလူများစုနေကြသည် ။

စာကြည့်ခန်းထဲမှာ လူနှစ်ယောက်ရှိနေသည်ကို မည်သူမှသတိထားမိမည်မဟုတ်ချေ ။ တိတ်ဆိတ်နေသည့် ယခုအခြေအနေတွင် မိမိ၏ နှလုံးခုန်သံကိုပါ ပြန်ကြားနေ၍ ယွင်ရှန့်လုဖန်နဲ့အဝေးကို ရွှေ့ရန် ပြင်လိုက်ချိန်မှာပဲ လက်တစ်ဖက်က အားဖြင့်ဆွဲခေါ်ခြင်းခံလိုက်ရပြီး လုဖန်ရင်ခွင်ထဲ ချက်ချင်းရောက်ရှိသွားလေတော့သည် ။

ထိုအထိအတွေ့က သူ့ရဲ့နှလုံးခုန်သံကိုပို၍ မြန်ဆန်လာစေပြီး နီရဲလာသည့်မျက်နှာအားမမြင်စေရန် ယွင်ရှန့် အောက်သို့ခေါင်းငုံ့ထားမိသည် ။ လုဖန်က သူ့ရဲ့ခြေထောက်နှစ်ဖက်နဲ့ ယွင်ရှန့်ကိုယ်လေးအား ဖမ်းချုပ်ထားပြီး သူ့ရဲ့ရင်ခွင်ကျယ်ကြီးထဲမှာ ယွင်ရှန့်အား မလွှတ်တမ်း ဖက်သွယ်ထားလေသည် ။

သူ့ရဲ့မျက်နှာက ယွင်ရှန့်ပခုံးပေါ်မှာတင်ထား၍ ယခုလုဖန်ရဲ့ စိတ်ထဲမှာ ဘာတွေတွေးနေလဲဆိုတာ မမြင်နိုင်ဘူး ။ သေချာတာတစ်ခုကတော့ လုဖန်အရင်ကနဲ့မတူပဲ နည်းနည်းနူးညံ့နေသည် ။ သူ့ရဲ့လက်တွေက ယွင်ရှန့်ကျောပြင်ပေါ်မှာ တည်ငြိမ်နေပြီး မလွှတ်တမ်းဖက်ထားယုံမှအပ တခြားအဆင့်သို့တတ်လာခြင်းမရှိ ။  ဒီလိုအနေအထားမျိုးနှင့် အချိန်အတော်ကြာဖက်ထားပြီးတဲ့နောက် ယွင်ရှန့်ကစတင်၍ စကားဆိုလိုက်သည် ။

" မင်း ဘာဖြစ်နေတာလဲ …… မင်းဖက်ထားတာ ငါအသက်ရှူ ကြပ်နေပြီ "

ထိုအခါမှ လုဖန်က ယွင်ရှန့်အား လွှတ်ပေးလိုက်ပြီး မျက်နှာချင်းဆိုင်လိုက်သည် ။ သူက ယွင်ရှန့်အား လေးနက်စွာကြည့်ရင်း ဆိုလာ၏ ။

" မင်း ရွီမုနဲ့ ဘယ်အခြေအနေထိ ပတ်သပ်နေပြီလဲ …… မင်းတို့ကြည့်ရတာ အရမ်းခင်နေသလိုပဲ …… သူမင်းအပေါ် မဟုတ်တာ တစ်ခုခုလုပ်မှာကို ကိုယ်စိုးရိမ်နေတာ "

DOLL  ( 🚨 20+ 🔞🚨 )( Completed )Where stories live. Discover now