Chapter - 64

47K 3.5K 195
                                    

Unicode
~~~~~~~

Chapter - 6

' ဖြန်း '

မှောင်မိုက်နေသည့် အခန်းကျဉ်းလေးထဲမှာ ပါးရိုက်သံက အမှောင်ထုကို ဖြိုခွင်း၍ ထွက်ပေါ်လာသည် ။ ပြီးနောက် ရုန်းကန်သံတွေနဲ့အတူ အသံများ ငြိမ်ကျသွားချိန်မှာတော့ တဖက်လူရဲ့ကိုယ်ပေါ်မှာ ကြိုးအထပ်ထပ်ချည်နှောင်ပြီးသား ဖြစ်သွားချေပြီ ။

" ရှင် … ဘယ်သူလဲ …… ဘာလုပ်တာလဲ …… ခွေးကောင် … လူယုတ်မာ …… ခုလွှတ်စမ်း …… အပေအတေကောင် …… နင်လိုလူကများ ငါ့ကိုထိရဲတယ် "

" ဟက် …… ခုချိန်ထိ အမြင်မှန်မရသေးဘူးလား …… မင်းရောက်နေတဲ့ နေရာကိုလဲကြည့်လိုက် "

ယွန်းဂျယ်တစ်ယောက် သူမကိုယ်ပေါ်မှာ ချည်နှောင်ခံထားရတဲ့ ကြိုးတွေအောက်ကနေ အတင်းရုန်းကန်ကာ ခုရောက်ရှိနေသည့်နေရာကို အကဲခတ်ကြည့်လိုက်သည် ။ သူမမှတ်မိတာက သူမနဲ့ ကျောင်းကသူငယ်ချင်းတစ်စု ကျောင်းပိတ်ရက်မှာ အပြင်ကိုထွက်ဖို့ချိန်းခဲ့ကြသည် ။

သူမက လုဖန်ကိုပါ အကူအညီတောင်းပြီး လိုက်ခဲ့ဖို့ခေါ်တဲ့အခါမှာ လုဖန်ကငြင်းဆန်လိုက်တဲ့အတွက် သူမစိတ်ဆိုးပြီးတစ်ယောက်ထည်းထွက်လာခဲ့သည် ။ ပြီးသွားတော့ ဘားတစ်ခုမှစုပြီး သူငယ်ချင်းတွေပျော်ရွှင်စွာနဲ့ သောက်စားခဲ့သည်ထိ မှတ်မိပေမဲ့ ခုလက်ရှိအချေအနေကိုတော့ သူမဘယ်လိုမှ ပြန်စဉ်းစားမရဖြစ်နေ၏ ။

သူမနိုးထလာတော့ အခန်းတစ်ခုအတွင်းရောက်နေပြီး လူယုတ်မာတစ်ယောက်ရဲ့ လက်တွေက သူ့မကိုယ်အနှံ့ထိကိုင်ချင်း ခံနေရသည် ။ သူမမျက်လုံးစည်းတွေကို ဖြေပေးလိုက်တော့ မြင်လိုက်ရသည်က သူမနောက်တကောက်ကောက်လိုက်နေသည့် သရဲလိုလူ ရိလောင်ဝေ့ဖြစ်နေသည် ။

" ရှင် … ရှင် … အိမ်တော်ကနေ ဘယ်လိုထွက်လာတာလဲ …… ပြီးတော့ ကျမကို ဘယ်ခေါ်လာတာလဲ ……လူယုတ္မာ…… သူတို့မိသွားရင် ဘာဖြစ်မယ်ဆိုတာ မတွေးတတ်ဘူးလား "

" ဘာကိုဂရုစိုက်ရမှာလဲ …… ဒီလောကမှာ ငါ့ကို ဖမ်းနိုင်တဲ့လူဆိုတာ မရှိသေးဘူး …… ပြီးတော့မင်း ခုငါ့လက်ထဲ ရောက်လာပြီ …… ငါ့ကို အမိန့်ပေးဖို့မကြိုးစားနဲ့ "

DOLL  ( 🚨 20+ 🔞🚨 )( Completed )Where stories live. Discover now