Chapter - 31

71.2K 3.3K 414
                                    

Unicode
~~~~~~~

တကယ်တမ်း တစ်ဖက်သက်အချစ်ဆိုတာ ရစ်မူးစေတဲ့ မူးရစ်ဆေးတစ်မျိုးလိုပဲ ။ လူတစ်ယောက်ကို ရူးရူးမူးမူးချစ်မိပြီဆိုရင် အဆိုးအကောင်း  မစဉ်းစားချင်တာ့ဘဲရူးသွပ်သွားတက်ကြတယ် ။

ပမာနှိုင်းပြရရင် ပိုးဖလန်ကောင်လေးတွေက သေမှာသိသိကြီးနှင့် မီးအလင်းရောင်ကို တိုးဝှေ့ပျော်မြူးနေတတ်ကြသလိုမျိုး …… ထိုနည်းတူ ပျားရည်လောင်းထားသည့် အဆိပ်ဆိုတာကို သိသိကြီးနှင့် အဆိပ်ကို မမြင်နိုင်ပဲ ချိုမြမြအရတာလေးကို မက်မောစွာ စားသုံးနေကြခြင်းနှင့် တူညီလှသည်  ။   နောက်ဆုံးမှာတော့ ရူးသွပ်သည့် တစ်ဖက်သက်အချစ်ဟာ နာကျင်ခြင်းနှင့်သာ အဆုံးတတ်ရသည် ။

                    ***********

ရှောင်မိုခွန်းဟာ Korea ကမိခင်အိမ်မှာနေပြီး နိုင်ငံအရပ်ရပ်သို့သွားကာ ဖခင်နှင့်အတူ လုပ်ငန်းတွေကို စီမံခန့်ခွဲရသည် ။ သူ့အသက် ၂၅ နှစ်ပြည့်သွားသည့်အခါ ဖခင်က အိမ်ထောင်ပြုရန်တိုက်တွန်းခဲ့သော်လဲ အလုပ်ကိုသာ ဦးစားပေးပြီး အိမ်ထောင်ရေးကိုစိတ်မဝင်စားသေးကြောင်း ပြန်လည်ဖြေကြားခဲ့သည် ။ ထိုအခါမှဖခင်က သားကြီးကို အလုပ်တွေဖိခိုင်းမိပြီး ပျော်ရွှင်မှုကို မပေးစွမ်းနိုင်ခဲ့၍ နောင်တရကာ ရှန်ဟိုင်းက ရှောင်လုပ်ငန်းစုကို ဦးဆောင်ပြီး ရှန်ဟိုင်းမှာရှိတဲ့ အိမ်တော်မှာပဲ အခြေချနေထိုင်ရန် အမိန့်ချမှတ်လိုက်သည် ။

မိုခွန်း ရှောင်အိမ်တော်ကို ပြန်ရောက်လာတော့ ၇ နှစ်ခန့်မျှ ဝေးကွာခဲ့ရသည့် အိမ်တော်ကြီးကို ပြန်မြင်လိုက်ရသည့်အခါ စိတ်ထဲတွင် လွမ်းမောမှု အတိတ်ကအကြောင်းအရာတချို့ပြန်လည်မြင်ရောင်လာပြီး ပျော်ရွှင်မြူးထူးနေခြင်းမျိုးမရှိခဲ့ဘူး ။ ညနေစောင်း ရှန်ဟိုင်းမြို့ကြီးရဲ့အလှတရာက လွမ်းစွတ်မှုကို ပို၍ဖြည့်စွပ်လိုက်သလိုဖြစ်ပြီး မိုခွန်းငယ်စဉ်ကတည်းက ဝါသနာပါခဲ့သည့် Piano ကိုတီခတ်ကာ တေးသွား၌ စိတ်နှစ်ပြီး ခံစားနေလိုက်သည် ။

ထိုတေးသွားက မိုခွန်းငယ်စဉ်ကတည်းက ဆွဲမြဲစွာ တီးခတ်လာပြီး အမှတ်တရများစွာလဲ ရှိနေသေးသည် ။  Piano ပေါ်က လက်ချောင်းသွယ်သွယ်လေးတွေဟာ တဖြေးဖြေး မြန်ဆန်လာပြီး အေးဆက်ဆက်သံစဉ်ကနေ မြူးထူးလာကာ ပျံ့လွင့်နေသည့် စိတ်အာရုံများ ပြန်လည်စုစည်းလာပြီး တခြာသူများ၏ အာရုံကိုပါ ဆွဲဆောင်ထားလေသည် ။

DOLL  ( 🚨 20+ 🔞🚨 )( Completed )Where stories live. Discover now