Chapter - 102

34.4K 3.1K 231
                                    

Unicode
~~~~~~~

လုဖန်ရဲ့ ပထမဆုံး Date ကတော့ သူ့ဘဝရဲ့ ကြီးမားဆုံး အမှတ်တရတစ်ခုအဖြစ် ကျန်ရှိနေခဲ့သည် ။ အကြောင်းက အဲ့ဒိနေ့ပြီးနောက်နေ့မှာပဲ လုဖန်တစ်ယောက်အပြင်းဖျားသွားလေသောကြောင့်ပင် ။ ပြီးနောက် သူတို့ အဆောင်သို့ပြန်ပြောင်းလာခဲ့ကြသည် ။

" လုဖန် အဆင်ပြေတာသေချာလို့လား ..... ဆေးခန်းသွားရအောင် .....ဒီတိုင်းနေနေရင် ပိုဆိုးလိမ့်မယ် "

လုဖန်တစ်ယောက် ဆေးခန်မသွားချင်၍ အကြောင်းပြချက်အမျိုးမျိုးပြကာ ရှောင်ဖယ်နေ၏ ။

" ကိုယ်မသွားချင်ဘူး .....ကိုယ်ဆေးရုံတွေကိုမုန်းတယ် .....ပြီးတော့ ကိုယ့်ဘေးနားမှာ မင်းရှိ​ေနရင် အဆင်ပြေပါတယ် "

လုဖန်က ခလေးတစ်ယောက်ပမာ ယွင်ရှန့်ရင်ခွင်ကြား ခေါင်းတိုးဝင်ကာ အိပ်လိုက်သည် ။ ယွင်ရှန့်လဲ ဘာမှဆက်ပြီးမဆိုတော့ပဲ လုဖန်ခေါင်းလေးအား ဖွဖွလေးကိုင်ပေးကာ ငြိမ်နေလိုက်သည် ။  တခဏအကြာမှာတော့ လုဖန် ယွင်ရှန်လက်လေးအား ဖမ်းကိုင်လိုက်ပြီး ဆိုလာ၏ ။

" ကိုယ်ဘာကြောင့် ဆေးရုံကိုမုန်းတာလဲ မသိချင်ဘူးလား "

" သိချင်တယ် .......ဘာလို့မုန်းတာလဲ "

လုဖန်က ထထိုင်လိုက်ရင်း ယွင်ရှန်မျက်နှာလေးအား ထိကိုင်လိုက်သည် ။

" မင်းသိလား ..... မင်းထွက်သွားတဲ့အချိန်ကစပြီး ကိုယ့်ရင်ထဲမှာ ဟာသွားသလိုခံစားရတယ် ....... မင်းရှိနေတဲ့အချိန်တုန်းက ကောင်းကောင်း မဆက်ဆံခဲ့မိတာတွေကို နောင်တရမိတယ် .......အဲ့ဒါနဲ့ပဲ မင်းကိုပြန်ခေါ်ဖို့ ကိုယ်ကြိုးစားခဲ့တယ် ........ ဖေဖေက ကိုယ့်ကို မင်းတို့မိသားတစ်စုလုံး မီးလောင်ပြီးသေပြီလို့ပြောတော့ ကိုယ်လုံးဝမယုံကြည်နိုင်ခဲ့ဘူး .......ဒါနဲ့ပဲ ကိုယ်မင်းကိုရှာဖို့ထွက်လာခဲ့တယ် .......ကံတရားကြီးက ကိုယ်တို့ကိုမျက်နှာသာ မပေးခဲ့ဘူး .......ကိုယ်ကားအက်စိဒန့်ဖြစ်ပြီး ဆေးရုံမှာ လပေါင်းများစွာ နေခဲ့ရတယ် ......အဲ့ဒိအချိန်ကနေစပြီး ကိုယ်ဆေးရုံကိုမုန်းသွားခဲ့တာ ...... ခုမင်းကိုယ့်ဘေးနားမှာ ရှိနေပြီဆိုတော့ အရာအားလုံးအဆင်ပြေပြီ "

DOLL  ( 🚨 20+ 🔞🚨 )( Completed )Where stories live. Discover now