Chapter - 131

31.5K 2.6K 242
                                    

Unicode
~~~~~~~

( ဝိန်နင်အကြီးကြီးပေးပါတယ် 🌚 ခွန်းကိုဖြူဖြူစင်စင်ချစ်တဲ့သူတွေ အသက်မပြည့်သေးတဲ့ကလေးတွေ ဒီအပိုင်းမဖတ်ပါနဲ့ 🔞 )

" အင့် "

အသက် ၄ နှစ်ကွာခြားသော်လဲ ခန္ဓာကိုယ်က ထင်ထားသည်ထက် လေးနေသောကြောင့် အခန်းတွင်းရောက်ရောက်ချင်း ရင်ခွင်ထဲက မိုခွန်းအား ကုတင်ပေါ်သို့ ချပေးရာတွင် Dong တစ်ယောက် မထိန်းနိုင်ပဲ မိုခွန်းအပေါ်သို့ အုပ်မိုးလျှက်သား လဲကြသွားလေသည် ။

" ဟူး … နောက်ဆုံးတော့ အခန်းထဲထိ တယ်လာနိုင်ခဲ့ပြီ …… အဟား "

သူလို ဘုံမြင့်ထက်က သူဌေးသားလေးအဖို့ သေးသွယ်တဲ့ မိန်းမပျိုလေးတွေကိုပင် ချီမဖူးခြင်းမရှိခဲ့ခြေ ။ ယခုလို ယောက်ျားရင့်မာကြီးကို မင်းသမီးလေးလို ပွေ့ချီလာရတာက မြင်သူများအဖို့ လှပတဲ့ ro ကွက်ဖြစ်ပေမဲ့ သူ့အတွက်တော့ လွယ်ကူမနေဘူး ။ မိုခွန်း ယခုလို ပွေ့ချီခံရတာ လွန်စွာကံကောင်းခြင်းလို့ဆိုရမှာပဲ ။ သို့ပေမဲ့လဲ အချစ်ကို အလေးခံကာ ပွေ့ချီလာတဲ့ ရွှေမင်းသားလေး အမောဖြေရန် ထလိုက်စဉ်မှာပဲ ဆုတော်လာဘ်တော်များ ချီးမြင့်ခြင်းခံလိုက်ရတော့သည် ။

" ဝေါ့ "

အိပ်ယာပေါ်မှာ လဲလျှောင်နေသည့်မိုခွန်းဟာ ရုတ်တရပ် ထထိုင်လာပြီး ပျို့ကာ Dong ရဲ့ ရင်ခွင်ထဲ အန်ချမိသွားပြီးနောက် ပခုံးပေါ်သို့ မှီလျှက် အိပ်ပျော်သွားပြန်သည် ။

" …… "

Dong တစ်ယောက် ပြောစရာစကားများ ပျောက်ရှကာ မှိုင်တွေတွေဖြင့် ထိုင်နေရင်း မိုခွန်းပခုံးကိုသာ အသာအယာ ပုတ်ပေးနေမိသည် ။ တစ်ခနကြာတော့မှ အဝတ်လဲရန် ကုတင်ပေါ်မှ ထလိုက်ကာ ရေချိုးခန်းရှိရာသို့ သွားရန်ပြင်လိုက်သည် ။ အန်ပြီးသွားတော့ မအီမသာမှုတွေပျောက်သွားသည့် ခွန်းတစ်ယောက် ယိုင်နဲ့သောခြေလှမ်းများဖြင့် ကုတင်ပေါ်ကနေ ဆင်းလာ၏ ။

" Baby ဘာလို့ထလာတာလဲ …… အမူးပြေအောင် အိပ်ယာပေါ်မှာ ပြန်လှဲနေလိုက် "

မိုခွန်းက နားမထောင်ပဲ ခြေလှမ်းတွေက ရေချိုးခန်းထံဦးတည်နေ၏ ။ Dong ရဲ့မျက်ဝန်းတွေက တောက်ပလာပြီး အကြံတစ်ခုရသွားသည် ။

DOLL  ( 🚨 20+ 🔞🚨 )( Completed )Onde as histórias ganham vida. Descobre agora