Chapter - 38

56.5K 3.2K 415
                                    

Unicode
~~~~~~~

အရိုက်ခံလိုက်ရသည့်ပါးပြင်ရဲ့နာကျင်မှုထက် နှလုံးသားရဲ့နာကျင်မှုက ပိုနက်ရှိုင်း၏ ။  ယခုလိုဝတ်စားထားပုံက သဘာဝမကျသလို ခံစားနေရသည့် ခံစားချက်တွေဟာလဲ သဘာဝမကျပေ ။  တစ်ခါလေးပဲ သူ့ရဲ့ဒေါသတွေကိုထိန်းပြီး မိမိရဲ့အလိုဆန္ဒကို လိုက်လျောပေးစေချင်ခဲ့ပေမဲ့ သူ့ရဲ့လုပ်ရပ်တွေက ယခင်ကလို ကြမ်းတမ်းနေဆဲပဲ ။

လူတစ်ယောက်ရဲ့ခံစားချက်ကို ဦးစားမပေးပဲ သူ့အလိုဆန္ဒတွေကိုသာ ဖြည့်ဆည်းခိုင်းနေသည် ။ ပြောင်းလဲသွားပြီဟု ထင်ထားသည့်စရိုက်တွေက နတ်ဆိုးစိတ်ဝင်လာလျှင် ညှာတာမှုကင်းမဲ့နေဆဲ ။

ယွင်ရန့်က ယခင်သူ့ခံစားချက်ကိုဦးစားမပေးပဲ လုဖန်၏ အလိုဆန္ဒကိုလိုက်လျောပေးမည်ဟု တွေးထားပေမဲ့ တစ်ဖြေးဖြေးကိုယ့်ကိုယ့်ကို သိမ်ငယ်လာမိသည် ။ ဒီလိုဖြစ်နေတာက လူတစ်ယောက်ရဲ့ စစ်မှန်တဲ့စိတ်ထားနဲ့ ဂရုစိုက်မှုကို လိုချင်၍ပဲလား သို့မဟုတ်ပါက အမြဲတမ်း သူ့ကိုပဲအပြစ်တင်ကာ ကဲ့ရဲ့တတ်သည့် ယွန်းဂျယ်ကို အနိုင်ယူချင်၍ပဲလား မစဉ်းစားတတ်တော့ပြီ ။

ယွင်ရှန့်ကိုယ့်စိတ်ကိုပင် နားမလည်ချင်တော့၍ လုဖန်အခန်းထဲကပြေးထွက်လာပြီးနောက် ခြံထဲက လသာဆောင်သို့ ဦးတည်ကာ လျှောက်လှမ်းနေမိသည် ။  ဘာကြောင့်မှန်မသိပေမဲ့ သူ့ရဲ့စိတ်တွေက ထိုလူနှင့် အဝေးဆုံးကို ထွက်သွားပါက ရှုပ်ထွေးနေသည့် စိတ်အာရုံတွေ ပြေပျောက်သွားမည်ဟု ထင်ယူမိလာ၏ ။

" ယွင်လေး …… ဘာဖြစ်လာတာလဲ "

မျက်ဝန်းတွေက မျက်ရည်တွေကြောင့် လူတစ်ယောက်လုံးကိုပင်မမြင်တော့ပဲ အရှေ့မှာရပ်နေသည့် မိုခွန်းကို ဝင်တိုက်မိသွားလေသည် ။

မိုခွန်းက လသာဆောင်မှအဆင်း အိမ်ထဲဝင်ရန်ပြင်နေခိုက် ယွင်ရှန့်နှင့်တိုက်မိပြီး မေးမြန်သော်လဲ ဘာစကားမှထွက်မလာ၍ လသာဆောင်ထဲက ထိုင်ခုံပေါ်မှာထိုင်စေပြီး နှင့်သိပ်ပေးနေခဲ့သည် ။

* နွေးထွေးတယ် … မေတ္တာအပြည့်နဲ့ ဂရုစိုက်ပေးတယ် … သူကဘာကြောင့် ဒီလိုမျိုး မလုပ်နိုင်ရတာလဲ … ဒီရင်ခွင်က ငါ့အမြဲခိုလှုံနေကြ ရင်ခွင်တစ်ခုလိုပဲ … ရင်းနှီးနေတယ် … ပြီးတော့ငါရုန်းမထွက်နိုင်ဘူး … လုံခြုံသွားသလို ခံစားရတယ် *

DOLL  ( 🚨 20+ 🔞🚨 )( Completed )Where stories live. Discover now