Chapter - 37

59.1K 3.6K 532
                                    

Unicode
~~~~~~~

" ပါးးး ...... ပါးးး ...... "

အိမ်ထဲသို့ အလောတကြီးဝင်လာသည့် နန်းလီတစ်ယောက် ပိုက်ဆံအိတ်ကို ခုံပေါ်ပြစ်တင်လိုက်ပြီး Tv မှန်သားပြင်ကိုဖွင့်လိုက်သည့်အခါ ယခု Live လွှင့်နေတဲ့ ဒီဇိုင်နာရှိုးပွဲက ပေါ်လာ၏ ။

" ဘာဖြစ်လာတာလဲသမီး "

ဖခင်ဖြစ်သူက ဆေးရုံကဆင်ပြီး ၂ ပတ်နားရမည်ဆို၍ အိမ်မှာပဲရှိနေပြီး ထိုင်ခုံပေါ်တွင်ထိုင်နေ၏ ။ သမီးဖြစ်သူရဲ့ အလောတကြီး အပြုအမူကြောင့် ထိုင်နေရာမှထလာပြီး နန်းလီ အာရုံစိုက်ကြည့်နေသည့် Tv မှန်သားပြင်အား ရှုကြည့်မိသည် ။

" ဒါက ရှောင်သခင်လေးပဲ "

နန်းက ဖခင်ဘက်အားလှည့်ကာ အံ့သြသကြီးဆိုလိုက်သည် ။

" ပါပါး ...... အဲ့ဒိလူကြီးဘေးက ကိုကိုယွင်ရှန့်မဟုတ်လား "

ထိုအခါမှ ဖခင်က သတိထားမိဟန်တူသွားပြီး အာရုံစိုက်ကြည့်လိုက်သည် ။ ပြီးသွားတော့မှ အေးဆေးစွာ ဆိုလာ၏ ။

" မဖြစ်နိုင်တာ သမီရယ် ...... ယွင်လေးက ယောက်ျားလေး ...... ပြီးတော့ ခုစင်ပေါ်ကမော်ဒယ်က မိန်းကလေး ...... ရုပ်လေးပဲ နည်းနည်းစင်တာပါ "

* မဖြစ်နိုင်တာ ... ငါဓာတ်ပုံတွေထဲမှာကြည့်ရတာတော့ တကယ်ကို ကိုကိုရှန့်မှ ကိုကိုရှန့်ပဲ ... အဲ့ဒိလူကြီး ဘာတွေကြံစည်နေတာလဲ *

သူမက အတွေးများဖြင့် မှန်သားပြင်အားငေးကြည့်နေရင်း လုဖန်က ယွင်ရှန့်ခါးအားဆွဲလိုက်ပြီး နမ်းလိုက်သည့်အချိန်တွင် လန်ဖြန့်သွားပြီး ကျောက်ရုပ်ပမာ ရပ်တန့်သွားလေတော့သည် ။

* ဒီလူကြီး ကိုကိုရှန့်ကို ဘာလုပ်လိုက်တာလဲ *

" ပါးးး ...... ကိုကို့ကို ပြန်ခေါ်ပေး "

နန်းလီရဲ့ရုတ်တရပ်အော်သံကြောင့် ဖခင်ဖြစ်သူက အမြန်ပင် တုန့်ပြန်လိုက်သည် ။

" ယွင်လေးက အလုပ်သွားလုပ်နေတာလေ သမီးလေးရဲ့ "

ခုသူ့ရဲ့ဆေးစရိတ်နဲ့ သမီးကျောင်းနေရန်အတွက် ရှောင်အိမ်တော်က ထောက်ပံ့ပေးထား၍ ယွင်ရှန့် ထိုအိမ်တော်၌ အလုပ်လုပ်နေသည်ဟုသာသိထားသည် ။ သိသိကျကျတော့ မသိထားဘူး ။ ဘာပဲဖြစ်နေပါစေ ရှောင်အိမ်တော်မှာရှိနေသည်ဆိုသောအသိဖြင့် စိတ်ချစွာ နေနိုင်ခဲ့သည် ။

DOLL  ( 🚨 20+ 🔞🚨 )( Completed )Where stories live. Discover now