Chapter - 59 ( DOLL S2 )

56.9K 3.8K 267
                                    

Unicode
~~~~~~~

ဒီနေ့က ကျွန်တော့ဘဝအတွက်တော့ အပျော်ရဆုံးနဲ့ အရောက်ချင်ခဲ့ဆုံးနေ့လေးတစ်နေ့ပေါ့ ။ ကျွန်တော်သာမန်လူသားတစ်ယောက်လိုမနေထိုင်ရတာကြာခဲ့ပြီ ။ Doll ဘဝကနေ ကြွတ်လွတ်ပြီးတဲ့နောက် ကျွန်တော်အဖြစ်ချင်ဆုံး ကျွန်တော့ရဲ့ရည်မှန်းချက်တွေကို အကောင်အထည်ဖော်ဖို့အချိန်ကြရောက်လာခဲ့ပြီ ။

ယွင်ရှန့် ရှောင်လုဖန်ဆိုတဲ့ အတ္တသမား လက်ထဲကနေ လွတ်လာပြီးတဲ့နောက်မှာ အိမ်ကိုပြန်ရောက်တော့ ဦးလေးချန်းက ယွင်ရှန့်ကိုဒူးထောက်ပြီးတောင်းပန်ခဲ့သည် ။ ဒါတွေအားလုံးဟာ ကံတရားကစီရင်တာပဲ ။ ယွင်ရှန့်ဦးလေးချန်းကို စိတ်မဆိုးတဲ့အတွက် ခွင့်လွှတ်ပေးခဲ့သည် ။ ဒီပြဿနာရဲ့ အကျိုးဆက်အနေနဲ့ ဦးလေးက သူ့မိန်းမနဲ့ ကွာရှင်းလိုက်သည် ။ ယွင်ရှန့်က သူ့ညီမလေး မိဘမဲ့မဖြစ်စေချင်ပေမဲ့ မိန်းမယုတ်ကိုတော့ အမေမတော်စေချင်ဘူး ။ ခုတော့ ယွင်ရှန့်ရယ် ညီမလေးရယ် ဦးလေးရယ် ဟိုအရင်အချိန်တွေလို ပျော်ရွှင်စရာမိသားစုလေးဖြစ်လာခဲ့ပါပြီ ။ ယွင်ရှန့်ကြုံ တွေ့ခဲ့တဲ့ အတိတ်ဆိုးတွေကို မေ့ပျောက်ပြီးတော့ပေါ့ ။

2019 ခုနှစ် နွေရာသီကျောင်းပိတ်ရက်အပြီး ကျောင်းတော်ကြီးဖွင့်မည့်အချိန်ပင် ရောက်ရှိခဲ့ခြေပြီ ။ ညီမလေးက ပတမနှစ် အနုပညာ ယွင်ရှန့်က တတိယနှစ်စီးပွားရေး ဖြစ်သည် ။ ကျောင်းတစ်ခုတည်းမှာဖြစ်ပြီး အဆောင်ချင်းကတော့ အလှမ်းဝေးနေ၏ ။ ယွင်ရှန့်က ညီမလေးကို ကိုယ်တိုင်ကျောင်အပ်ပေးပြီး နေရမည့်အဆောင်ကအစ ကိုယ်တိုင်လိုက်ပို့ကာ စိတ်ချမှပြန်လာခဲ့လေသည် ။

ခုချိန်မှာ ဦးလေးချန်းက အိမ်မှာတစ်ယောက်တည်း အထီးကျန်နေပေမဲ့ ခလေးတွေ စိတ်ထိခိုက်မှာကြောက်သည့်အတွက် ပြုံးရွှင်စွာပင် ယွင်ရှန့်တို့ ထွက်ခွာသွားသည်ကို ကြည့်နေခဲ့မိသည် ။ ကျောင်းတော်ကြီးနဲ့ ဦးလေးချန်းတို့နေတဲ့ရပ်ကွက်က အလှမ်းဝေးသောကြောင့် ယွင်ရှန့်နဲ့ နန်းလီဟာ အဆောင်မှာနေရခြင်းဖြစ်သည် ။ ကျောင်းပိတ်ရက်တိုင်းအိမ်ကို ပြန်လာမည်ဟု ကတိပေးခဲ့ကြသည် ။

ဒီနေ့ရဲ့မနက်ခင်းက အုံ့မှိုင်းနေပေမဲ့ ယွင်ရှန့်စိတ်ထဲမှာတော့ သာယာနေ၏ ။ ဒါက သူဖြတ်သန်းချင်ခဲ့တဲ့ ကျောင်းသားဘဝလေးရဲ့ ပထအဆုံးနေ့ရက်လေး ။အိမ်မက်တွေအားလုံး ရိုက်ချိုးခံလိုက်ရပြီဟု ထင်မှတ်ထားပေမဲ့ လက်တွေ့မှာ ပြန်ပြီး အကောင်အထည်ဖော်နိုင်ခဲ့ပြီ ။

DOLL  ( 🚨 20+ 🔞🚨 )( Completed )Where stories live. Discover now