Chapter - 53

47.5K 3.1K 281
                                    

Unicode
~~~~~~~

" ဒေါက်တာ …… ယွင်လေးအခြေအနေဘယ်လိုရှိလဲ …… စိုးရိမ်ရလား "

ဒေါက်တာက ယွင်ရှန့်အား ဆေးထိုးပေးပြီးနောက် သောက်ဆေးတွေအတွက် ရွေးချယ်နေရင်းမှ ဖြေလာ၏ ။

" လူနာက ခေါင်းကိုထိခိုက်ထားတော့ သူကြောက်တဲ့တစ်စုံတစ်ရာကြောင့် စိတ်ထိခိုက်ပြီး သတိမေ့သွားတာပါ ……  ပြင်းပြင်းထန်ထန်ထိခိုက်ထားတာမျိုးတော့မရှိဘူး …… အစားစားမထားတဲ့အတွက် တော်တော်လေးအားနည်းနေတယ် …… အားဆေးသွင်းပေးထားတယ်ဆိုတော့ မကြာခင်ပြန်သတိရလာမှာပါ …… အရမ်းကြီး စိုးရိမ်စရာတော့မရှိဘူး "

ဒေါက်တာက ယွင်ရှန့်ကို ၂ ကြိမ်မျှ တွေ့ဖူးခဲ့ပြီဖြစ်၍ မစိမ်းတော့ခြေ ။ သူက မိုခွန်းအနားကိုကပ်ပြီး တိုးတိုးလေးပြောလာ၏ ။

" အိမ်တော်မှာ သခင်ကြီးတို့ရောက်နေပြီလို့ကြားတယ် …… ဒီကောင်းလေးအတွက် သခင်လေးခွန်းတို့ အတော်လေးဒုက္ခရောက်မှာပဲ …… သူကလဲ အားအင်မပြည့်ဝသေးတော့ အားလုံးပျောက်ကင်းတဲ့အထိ တစ်ယောက်ထည်းထားမှဖြစ်မှာဆိုတော့ ဖြစ်နိုင်ရင် ခုပြန်မပို့သေးပဲ အိမ်တော်မှာ ကောင်းစွာ အနားယူခိုင်းသင့်တယ်လို့ထင်ပါတယ် …… ဒီကောင်လေးက သခင်လုရဲ့ Doll ဆိုတာလဲသိပါတယ် ……

ဒီအကြောင်းတွေဖုံးကွယ်ထားမှာမို့ ဖြစ်နိုင်ရင် အခန်းတစ်ခုထဲမှာတစ်ယောက်ထဲထားပြီး ကျမ်းမာရေးကောင်းတော့မှ တစ်ခြားကိစ္စတွေဆောင်ရွက်ရင် ပိုအဆင်ပြေပါလိမ့်မယ် …… ဒီမှာသောက်ဆေးတွေပေးခဲ့မယ် …… နောက်ကျနေပြီဆိုတော့ သွားခွင့်ပြုပါအုံး "

ဒေါက်တာက မိုခွန်းကို နှုတ်ဆက်ပြီး အခန်းအပြင်သို့ထွက်လာ၏ ။ တံခါးခြေမှာရပ်နေသည့် လုဖန်ကိုမြင်တော့ ဒေါက်တာက ရပ်လိုက်ပြီး လုဖန်အားကြည့်ကာ ဆိုလိုက်သည် ။

" သခင်လုခိုင်းတဲ့အတိုင်း သခင်လေးခွန်းကို လူနာကိုအဝေးကိုခေါ်မသွားဖို့ ပြောပြီးပါပြီ …… ဒီရက်အတွင်းတော့ လူနာကို အိမ်တော်မှာပဲထားလိမ့်မယ် "

လုဖန်က တုန်တုန်ရင်ရင်ဖြင့် ဒေါက်တာအား မေးလာ၏ ။

" ဒါ … ဒါဆို သူ့အခြေအနေရော …… အရမ်းဆိုးနေလား "

DOLL  ( 🚨 20+ 🔞🚨 )( Completed )Where stories live. Discover now