Chapter - 101

44.2K 3.2K 250
                                    

Unicode
~~~~~~~

နာကျင်နေသည့် ခံစားမှုနှင့်အတူ ယွင်ရှန့် မျက်လုံးပွင့်လာခဲ့သည် ။ ပတ်ဝန်းကျင်က အနည်းငယ် မှောင်ရိပ်ပျိုးနေပေမဲ့ အအေးဓာတ်က မနေ့ကထက်ပိုများနေ၏ ။ ယွင်ရှန့် ဟထားသည့် သူ့ရဲ့ ဘေးဘက်က ပြတင်းပေါက်ကိုကြည့်လိုက်တော့ အဖြူရောင် အမှုန်လေးများက ပြတင်းပေါက်ကနေတဆင့် အိပ်ထဲသို့ ဝင်နေသည်ကို တွေ့လိုက်ရသည် ။

သေချာသည် ။ ဒါဟာ ပထမဆုံး နှင်းကျခြင်းဖြစ်သည် ။ ယွင်ရှန့် အိမ်ယာပေါ်က ထမည်ပြင်လိုက်တော့ အောက်ပိုင်းနာကျင်မှုက နှိပ်ဆက်နေပြန်၏ ။ ဒါပေမဲ့ အေးခဲ၍လားမသ်ိ ခန္ဓာကိုယ်က ထုံကျင်နေသည် ။ တကယ်တန်းတော့ ယွင်ရှန့် ခုမှနိုးထလာခြင်းမဟုတ် သူတို့ညက တစ်ညလုံး မအိပ်ခဲ့ခြင်းဖြစ်သည် ။ လုဖန်ရဲ့သက်လုံကောင်းမှုကိုတော့ ယွင်ရှန့် မအံ့သြပဲမနေနိုင်တော့ပေ ။ 6 နာရီလောက်မှာ ရပ်တန့်ခဲ့ကြပြီး ခုဆို သူတို့နားတာ နာရီဝက်ပင်ရှိသေးသည် ။ လုဖန်ကတော့ သူ့ရဲ့နဘေးမှာ နှစ်ခြိုက်စွာ အိပ်ပျော်သွားခြေပြီ ။

" လုဖန် "

ယွင်ရှန့်ခေါ်လိုက်တော့ လုဖန်ကအနည်းငယ်မျှသာလှုပ်ပြကာ မျက်လုံးဖွင့်မလာခြေ ။ သူအတော်လေးပင်ပန်းသွားပုံရသည် ။ ယွင်ရှန့် လုဖန်မျက်နှာလေးအား စမ်းကြည့်လိုက်တော့ အေးစက်ကာ အတော်လေးချမ်းပြီး တုန်နေ၏ ။

" လုဖန် အဆင်ပြေရဲ့လား "

" ချမ်းတယ် …… အရမ်းအေးတယ် "

ထိုအခါမှ လုဖန်က အအေးကြောက်တတ်မှန်း ယွင်ရှန့်သတိရသွားကာ စောင်အထူကြီးကို ၂ ခေါက်ခေါက်ကာ ခြုံပေးပြီး နွေးထွေးအောင်ပြုလုပ်ပေးလိုက်သည် ။ ပထမဆုံး နှင်းကြချိန်မှာ လုဖန်နဲ့အတူတူ နှင်းမှုန်တွေအောက်မှာ ရပ်ကာနေချင်ပေမဲ့ အအေးမကြိုက်တဲ့ လုဖန်ကြောင့် ယွင်ရှန့်သူ့စိတ်ကူးတွေကို ရပ်တန့်လိုက်ပြီး တစ်ယောက်ထည်း ထွက်ကြည့်ရန် ဆုံးဖြတ်လိုက်သည် ။ ယွင်ရှန့် ကုတင်ပေါ်ကဆင်းကာ ရေမိုးချိုးပြီး ကုဒ်အင်္ကျိအထူကြီးကိုဝတ်ပြီးနောက် အိမ်အောက်ထပ်သို့ဆင်းလာ၏ ။

ညကပွဲမှာ အပျော်လွန်နေကြသည့် အဖွဲ့ကလဲ ခုချိန်ထိ အိပ်ဆက်နေကြပြီး ဦးလေးချန်းပင်အအေးဓာတ်ကြောင့် မထသေးပေ ။ ၆ နာရီခွဲပြီဆိုပေမဲ့ ပတ်ဝင်ကျင်၌ အလင်းရောင် မမြင်ရပဲ အဖြူရောင်နှင်းမိုးများ ရွာသွင်းဖြိုနေ၏ ။ အောက်ထပ်မှာ ယွင်ရှန့်တစ်ယောက်ထည်းရှိနေပြီး အပြင်ဘက်မှာတော့ နှင်းထုကြီးက အိမ်တံခါးထိ မရောက်တယောက်ရှိနေသည် ။ယွင်ရှန့် တံခါးကိုတွန်းဖွင့်ကာ ခြေချလိုက်တော့ သူ့ရဲ့ခြေထောက်က နှင်းထုကြီးထဲ ဒူးထိဝင်သွားလေသည် ။

DOLL  ( 🚨 20+ 🔞🚨 )( Completed )Where stories live. Discover now