Chapter - 4

106K 5K 129
                                    

Unicode
~~~~~~~

ယွင့်ရှန့်တစ်ယောက် မနက်အိပ်ယာနိုးထလာတော့ လက်ရှိအခြေအနေကို အိမ်မက်ဆိုးတွေအဖြစ်နဲ့ ပျောက်ကွယ်သွားစေဖို့ မျှော်လင့်ခဲ့ပေမဲ့ မပြည့်ဝခဲ့ဘူး ။ နောက်တစ်နေ့ကို ရောက်ရှိသွားပြီဖြစ်သလို ခန္ဓာကိုယ်မှ နာကျင်မှုဟာလဲ အနည်းငယ်တော့ သက်သာလာခဲ့ပြီ …

သူနိုးထလာချိန် မျက်လုံးအရှေ့မှာ မြင်နေရတာတွေက တွဲလောင်းကျနေတဲ့ သံကြိုးတွေနဲ့ ကုတင်ခေါင်မိုး ပြီးတော့ အနက်ရောင်အကာတွေနဲ့ အပြင်အဆင်က ငရဲခန်းတခုနဲ့ တူညီလှသည် ။

ဒီလိုအခန်းမျိုးထဲမှာနေရခြင်းထက် အဆုံးအစမရှိတဲ့ ချောက်ကမ်းပါးထဲကိုပြုတ်ကျသည်က ကောင်းအုံးမည်ဟု မှတ်ချက်ချရင်း ယွင်ရှန့်အိပ်ယာပေါ်မှ ထလာခဲ့သည် ။ တစ်ကိုယ်လုံး အဝတ်အပြည့်အစုံ ဝတ်ထားပေမဲ့ လည်ပင်းမှာတော့ ထိန်းချုပ်လည်ပတ်တစ်ခု တပ်ဆင်ထားပြီး တစ်ခန်းလုံးလျှောက်သွားနိုင်လောက်သည်ထိ ရှည်လျားသေား သံကြိုးတစ်ခုဖြင့် ချည်နှောင်ထားလေသည် … သံချိုင့်လှောင်အိမ်အတွင်း၌ ပိတ်မိနေတဲ့ သနားစရာ ခွေးကလေးပမာ …

မနေ့ကလုဖန်ပြန်သွားပြီးနောက် ယွင်ရှန့်မောပန်းကာ အိပ်ပျော်သွားခြင်းကြောင့် ဘာအစားအစာမှ မစားခဲ့ရ၍ ဆာလောင်ကာ  မနက်ခင်းထိ ဒီအခန်းကျဉ်းလေးထဲမှာ ဗိုက်မှောက်၍ အိပ်နေခဲ့ရသည် ။ ဒါပေမဲ့ ဆာလောင်မှုကလျော့မသွားပေ ။

အခန်းတံခါးသော့ခပ်ထားသောကြောင့် အပြင်ထွက်မရသလို ဆက်သွယ်ရေးပစ္စည်းမရှိသောကြောင့်လဲ သူဆာလောင်နေကြောင်းပြောပြ၍မရဖြစ်နေသည် ။

ထိုနတ်ဆိုးကတကယ်ပဲ လူသားကိုအရုပ်လိုဆက်ဆံပြီး ဆာလောင်မှုကိုတောင်ဂရုမထားပဲ ပစ်ထားသည့်အတွက် ယွင်ရှန့်စိတ်ထဲတွင် လုဖန်ကိုမုန်းသည်ထက်ပင်ပို၍တိုးကာ နာကြီးလာခဲ့သည်။

အချိန်အတော်ကြာ စောင့်နေပြီးနောက် ဘယ်သူမှပေါ်မလာတဲ့အခါ ယွင်ရှန့်ကုတင်ပေါ်ထိုင်နေရင်းက စိတ်ပျက်အားလျော့စွာဖြင့် ဒီငရဲလိုအခန်းကျဉ်းထဲမှာ မနေချင်၍ ချည်နှောင်ထားသည့် လည်ပတ်ကို ကိုင်ဖြုတ်ကြည့်ပေမဲ့ အရာမထင်ခဲ့ …

DOLL  ( 🚨 20+ 🔞🚨 )( Completed )Where stories live. Discover now