Chapter - 83

37.5K 3.6K 228
                                    

Unicode
~~~~~~~

ဟေးယောင်နဲ့ ချိန်းထားသည့်ရက်တွင် ယွင်ရှန့်ရှောင်အိမ်တော်သို့ လိုက်သွားချင်သော်လဲ ရွီမု၏ တားဆီးမှုကြောင့် အစီအစဉ်များပျက်ခဲ့ရသည် ။ထိုနေ့ကစ၍ ရွီမုဟာ ယွင်ရှန့်အား အပျောက်မခံပဲ အနားမှာနေ၍ စောင့်ရှောက်ပေးသည် ။ ကျောင်းအကြိုအပို့လုပ်ပေးသည် ။ ငယ်ငယ်ကသူမလုပ်ပေးနိုင်သည့်သည်များကို ကြိုးစားကာ အရင်လိုနွေးထွေးသောခင်မင်မှုကိုတည်ဆောက်နေသည် ။ ယွင်ရှန့်လိုအပ်သမျှကို ဖြည့်စည်းကာ အကောင်းဆုံးကူညီပေးခဲ့သည် ။

ဒီနေ့တော့ ယွင်ရှန့်ကျောင်းပိတ်ရက်မို့အခန်းထဲကမထွက်ပဲအိပ်ရေးဝဝအိပ်ပြီး မနက် ၈ နာရီလောက်မှာ မနက်စာကို စားလိုက်သည် ။  ပြီးသွားတော့ အိမ်သန်ု့ရှင်းရေးလုပ်ပြီး စာလုပ်ရန် စာကြည့်စားပွဲပေါ်ထိုင်မိချိန်၌ စားပွဲပေါ်က ဖုန်းမည်သံနှင့်အတူ Message တစ်စောင်ဝင်လာလေသည် ။ယွင်ရှန့် Ph Name ကိုကြည့်ပြီးနောက် မျက်ဝန်းအပြူ းသားဖြင့် ဝင်လာသည့် Message အားဖွင့်ကြည့်လိုက်သည် ။  ပြီးနောက် မှိုင်တွေနေသည့် သူ့ရဲ့စိတ်တွေ လန်းဆန်းလာကာ ယွင်ရှင်းပျော်ရွှင်သွားလေသည် ။

စာထဲမှာ ရေးထားတာက …

' ဒီနေ့ ကိုယ်မင်းကိုတွေ့ချင်တယ် … ရှောင်အိမ်တော်ကို နေ့လည် ၁၂ နာရီအရောက်လာခဲ့ပါ '

Ph က လုဖန်နံပါတ်ဖြစ်နေသည် ။ ယွင်ရှန့် သွားရကောင်းနိုးစဉ်းစားနေတုန်း ရွီမုထံက စာထပ်မံဝင်လာ၏ ။

' ယွင်ရှန့် … ငါအဖေ့ကိုသွားတွေ့ရမှာမို့ ဒီနေ့မင်းကို နေ့လည်စာလိုက်မကြွေးဖြစ်တော့ဘူး … နေ့လည်စားကို မှာပြီးစားနော် … ငါရှင်းပေးထားမယ် … ဘယ်မှလဲလျှောက်မသွားနဲ့ … အိမ်မှာပဲ နားနားနေနေ နေနော် … ပြန်လာရင် မင်းအတွက် လက်ဆောင်တွေဝယ်လာခဲ့မယ် '

ယွင်ရှန့်က ထပ်မံပြုံးမိပြန်၏ ။  သူ့အပေါ်ဂရုစိုက်ပေးသူတစ်ယောက်ပေါ်လာ၍လဲ ဝမ်းသာမိသည် ။ သို့ပေမဲ့ သူ့ရဲ့စိတ်ကတော့ ရှောင်အိမ်တော်ကိုသွားရန် စိတ်အားထက်သန်နေလေတော့သည်။ တဖက်တွင်တော့ ရွီမု ယွင်ရှန့်ကို စာပို့ပြီးနောက် ကားမောင်းကာ ထွက်ခွာလာခဲ့သည် ။ သူ့ရင်ထဲမှာ ဖခင်ကိုမေးချင်သည့်မေးခွန်းတွေပြည့်ကြပ်နေ၏ ။ ကျိုးအိမ်တော်တွင်တော့ သခင်ကြီး ကျိုးရှီုရုန်းဟာ အိပ်ယာထဲလဲမနေသော်လဲ ဆေးပုံမှန်သောက်ကာ အိမ်တွင်တာနားနေရသည် ။  အလုပ်ကိစ္စများကိုတော့ လူယုံတော်ကိုလွှဲထားပြီး လုပ်ပိုင်ခွင့်ကို သားကြီးရွီမုကိုပေးထားလေသည် ။

DOLL  ( 🚨 20+ 🔞🚨 )( Completed )Where stories live. Discover now