Chapter - 68

40.9K 3K 192
                                    

Unicode
~~~~~~~

" ယွင်ရှန့် ငါသွားတော့မယ် …… ကျေးဇူးပဲကွာ "

နေ့လည်ထမင်းစားနားချိန်၌ ယွင်ရှန့်က ရှင်းအတွက် ဆရာမကို ခွင့်တိုင်ပေးခဲ့သည် ။ ခွင့်ပြုချက်ရသည်နှင့် ရှင်းချက်ချင်း အိမ်သို့အပြေးပြန်သွားလေသည် ။ ယွင်ရှန့်လဲ ထွက်ခွာသွားသည့်ရှင်းကိုကြည့်ပြီးနောက် ပြဿ     နာတစ်စုံတစ်ရာမဖြစ်စေရန် ဆုတောင်းနေမိသည် ။

ဒီနေ့ခင်းမှာတော့ ယွင်ရှန့်တစ်ယောက်တည်း နေ့လည်စာစားရန်အတွက် ကန်တင်းကိုထွက်လာခဲ့သည် ။  စားပွဲဝိုင်းတစ်ခုတွင် အနက်ရောင်ဝတ်နှင့် လူ ၃ ဦးဝန်းရံထားပြီး ရှောင်လုဖန်ထိုင်နေ၏ ။ သူ့ရဲ့ ဘေးပတ်ပတ်လည်မှာတော့ လူများ ဝန်ရံနေပြီး စတိုင်ကျကျထိုင်နေသည့် လုဖန်အား ငေးကြည့်နေကြသည် ။  ယွင်ရှန့်သူတို့အနားကနေ ဖြတ်လျှောက်လာပြီး စားစရာတချို့မှာယူနေစဉ် မိန်ကလေးများက လုဖန်အားကြည့်ကာ ပြောနေကြသည့် စကားသံံတချို့ကိုကြားနေရသည် ။

" ဟဲ့ … ရှောင်သခင်လေးက နည်းနည်းထူးဆန်းမနေဘူးလား "

" ဟုတ်တယ်နော် …… သူကျောင်းကိုစရောက်ကတည်းက ဒီလိုလူများတဲ့ ကန်တင်းလိုနေရာမျိုးမှာ နေ့လည်စာစားလေ့မရှိဘူး …… အမြဲတသီးတသန့်နဲ့ အဆောက်အဦးတစ်ခုခုထဲမှာစားတာ "

" ဒါတောင် ဘေးမှာက အစောင့် ၁၀ ယောက်လောက်က ကာပေးထားသေးတယ် …… ခုတော့  အစောင့်ကလဲ ၃ ယောက်ပဲပါသလို လူရှုတ်တဲ့နေရာမှာလဲလာစားသေးတယ် "

" ဒီနေ့ငါတို့တော့ကံကောင်းပြီး …… ရှောင်သခင်လေးရဲ့ပုံကို အဝရိုက်လို့ရပြီ "

" သူက နေ့လည်စာကို အိမ်ကနေအမြဲထည့်လာတယ်နော် …… သခင်လေးတွေစားတဲ့အစားအစာကဘယ်လိုမျိုးလဲသိချင်လိုက်တာ "

" ငတ်မနေနဲ့ …… ငါတို့စားစရာသွားမှာရမယ် ……အမြန်လာ … ခုံနေရာမကျန်ပဲနေလိမ့်မယ် "

ယွင်ရှန့်က စားစရာများမှာယူနေရင်း သူ့အနောက်က မိန်းကလေးတွေရဲ့စကားသံကြောင့် သက်ပြင်းချကာ ခေါင်းရမ်းနေမိသည် ။ အားလုံးပြီးသွားတော့ ယွင်ရှန့်ကလက်တစ်ဖက်တွင်စားစရာပန်းကန်နဲ့ ကျန်တစ်ဖက်တွက် နို့အေးခွက်တစ်ခွက်ကို ကိုင်ဆောင်ထားပြီး ထိုင်ရန်နေရာရှာလိုက်သည် ။

DOLL  ( 🚨 20+ 🔞🚨 )( Completed )Место, где живут истории. Откройте их для себя