Chapter - 134

29.2K 2.1K 118
                                    

Unicode
~~~~~~~

ဒီနှစ်ရဲ့ နိုင်ငံဂုဏ်ဆောင် Miss Chinese ရွေးချယ်ပွဲ၌ နန်းလီဝတ်ဆင်ရန်အတွက် ဒီဇိုင်းရေးဆွဲနေတာနဲ့ မေလျန်တစ်ယောက် အလုပ်ရှုတ်နေ၏ ။ သူရဲ့နဘေးမှာတော့ နန်းလီထိုင်နေသည် ။

" နန်း တစ်ယောက်ထည်း ဘာတွေသဘောကြနေတာလဲ "

နန်းလီ ဖုန်းကိုကြည့်ကာ ပြုံးနေ​သောကြောင့် မေလျန်က မေးလိုက်ခြင်းဖြစ်သည် ။ ထိုအခါ နန်းလီ သူမအား တစ်စုံတစ်ရာကို စိတ်အားထက်တန်စွာ ပြလိုက်သည် ။

" မမမေ ဒီမှာကြည့် "

သူမဖုန်းထဲတွင် အကောင့်တစ်ခုမှနေပြီး ပုံတချို့ကို ပို့ထားသည် ။ ထိုပုံတွေက ဆန်းသစ်သည့်ဒီဇိုင်းနှင့် လက်ရာမြောက်လွန်းလှသည့် အရောင်ချယ်သမှု မေလျန်စိတ်ကူးထဲကအတွေးနှင့် ထပ်တူကြနေ၏ ။သူမက အံ့ဩစွာဖြင့်ကြည့်ရင်း ……

" နန်း ဒါကိုဘယ်သူပို့တာလဲ …… မမအချိန်အကြာကြီး စဉ်းစားဆွဲတာတောင် နည်းနည်းလေးမှမရဘူး …… ဒါက မမစိတ်ကူးနဲ့ထပ်တူကျစေတယ် …… နန်းနဲ့ဆိုလဲ အရမ်းလိုက်မှာ "

" နန်းမမကို ပြောပြမို့ပဲ …… ဒီအကောင့်ပိုင်ရှင်က သူဘယ်သူလဲဆိုတာ နန်းကိုမပြောပြဘူး ……ဒါပေမဲ့ နန်းမသိတာတွေကို သင်ပြပေးတယ် ……သူက အနုပညာလောကမှာ ကျွမ်းကျင်ပုံပေါ်တယ် …… နန်းအခက်အခဲတွေကို အမြဲအကြံဉာဏ်ပေးပြီး ကူညီတယ် "

" နန်း သူမနဲ့ ခင်တာကြာပြီလား "

" အင်းမမ … သူက တခါတလေမှပေါ်လာတော့ နန်းမမကိုပြောပြဖို့မေ့နေတာ …… ခုတလော စကားတွေအများကြီးပြောဖြစ်တယ် …… နန်းပွဲတက်တဲ့အခါ စိတ်မလှုပ်ရှားဖို့နဲ့ ဘယ်လိုအပြုအမူနေထိုင်ရတယ်ဆိုတာရောပဲ …… ခုနန်းအတွက်ဒီဇိုင်းပါဆွဲ​ေပးတယ် "

မေလျန်က သူမကိုယ်တိုင် နန်းလေးအတွက် ဒီဇိုင်းဆွဲပေးချင်ပေမဲ့ ဒီပုံစံလေးက သူမနဲ့လိုက်သလို သူမကိုယ်တိုင်ကလဲ နှစ်သက်နေသောကြောင့် ထိုပုံလေးကိုပဲ ရွေးချယ်ရန် ဆုံးဖြတ်လိုက်သည် ။

" နန်း ပွဲအတွက် ဒီဝတ်ဆုံလေးကိုပဲ မမဖန်တီးလိုက်တော့မယ် "

DOLL  ( 🚨 20+ 🔞🚨 )( Completed )Where stories live. Discover now