Chapter - 80

42.1K 3.4K 335
                                    

Unicode
~~~~~~~

" ဟားးး  …… ဟားးး "

ရှင်းရဲ့အော်ရယ်သံတွေက အခန်းကျဉ်းလေးထဲမှာလွင့်ပျံနေ၏ ။ ဟေးယောင်က ဖျော်ရည်ခွက်ကို ကိုင်ဆောင်လာပြီး ဧည့်ခန်းထဲမှာ ထိုင်နေသည့် ယွင်ရှန့်အရှေ့သို့ချပေးကာ ရှင်းရဲ့ဘေးတွင်ဝင်ထိုင်လိုက်သည် ။ လုဖန်ရဲ့ ထူးထူးဆန်းဆန်းအပြုအမူတွေကြောင့် ယွင်ရှန့် ကျောင်းမှာပင်မျက်နှာမပြရဲတော့ချေ ။

ဒီပိတ်ရက်မှာတော့ တစ်ပက်လုံးပျောက်နေသည့် သူငယ်ချင်းဖြစ်သည့် ရှင်းရဲ့အိမ်သို့ ကိုယ်တိုင်လာရောက်ကာ ဖြစ်ကြောင်းကုန်စင်ပြောပြပြီး အခက်အခဲတွေကို ကူညီဖြေရှင်းပေးရန်တောင်းဆိုလေသည် ။ ရှင်းကတော့ ကြားကြားချင်း ဟာသတစ်ပုဒ်ကြားရသည့်နယ် အော်ရယ်နေရင်းကရပ်မသွားခဲ့ ။ ပြီးနောက် ရှင်းက ရွှင်မြမြမျက်နှာထားဖြင့် ယွင်ရှန့်ထံက ဆက်လက်ပြောကြားလာမည့်စကားကို နားထောင်နေလေသည် ။ ယွင်ရှန့်က သူ့စကားကြောင့် အော်ရယ်နေသည့်ရှင်းကို မျက်စောင်းတစ်ချပ်ထိုးလိုက်ရင်း ……

" ဒါကရယ်စရာမဟုတ်ဘူး …… သူတကယ်ကိုထူးဆန်းနေတာကွ …… သူ့ကြောင့် ငါအပြင်မထွက်ရဲတော့ဘူး "

ရှင်းက အပြုံးလေးဖြင့်ပြန်ဆိုလာ၏ ။

" ငါနားရှိလို့တာ ကြားရတာ တခြားသူလာပြောရင်ငါတကယ်ယုံမိမှာမဟုတ်ဘူး ……ခုထွက်နေတဲ့သတင်းတွေငါကြားတယ် ……အားလုံးကောလဟာလလို့ထင်ခဲ့တာ ……လုဖန်တကယ်ပဲ မင်းအပေါ် ထူးထူးဆန်းဆန်းတွေဆက်ဆံနေတာလား "

" ဟုတ်တယ် …… ဒီနေ့လဲ ခေါ်နေတာ … သူမလာခင် ငါမင်းဆီထွက်လာခဲ့တာ ……သူဘာဖြစ်နေလဲဆိုတာ စုံစမ်းပေးပါကွာ "

ထိုအခါတွင် ရှင်းက တွေးစစဖြင့် ခနမျှငြိမ်သက်သွားသည် ။ ဟေးယောင်ကလဲ ဘာမှမဆိုသေးပဲ ပြုံးရယ်နေသည့် ရှင်းရဲ့မျက်နှာလေးကို တစ်သက်မမေ့လေအောင် မျက်တောင်မခပ်စိုက်ကြည့်နေလေသည် ။ပြီးနောက် ရှင်းက အတွေးပေါက်သွားဟန်ဖြင့် ဆိုလာ၏ ။

" နေဦး … မင်းပြောခဲ့တာက လုဖန် မင်းကိုပန်းပေးတယ် ……Couple ဝတ်ဆုံလဲဝတ်ခိုင်းတယ် ……ပုံတွေလဲတူတူတင်ထားတယ် ……အပြင်လဲရှောက်လည်ကြတယ် ……ခုတလော မင်းနားမှာတဝဲလည်လည်လုပ်နေတယ် ……ဒါကချစ်သူရီးစားတွေမှလုပ်တာမဟုတ်လား ……ဧကန်တ သူနဲ့မင်းတွဲနေကြပြီလား "

DOLL  ( 🚨 20+ 🔞🚨 )( Completed )Where stories live. Discover now