Chapter - 9

82.2K 3.9K 137
                                    

Unicode
~~~~~~~

တချို့လူတွေက သေရမှာမကြောက်ဘူးလို့ ဟစ်ကြွေးကြပေမဲ့ တကယ်သေဘေးနဲ့ကြုံလာခဲ့ရင်တော့ ရူးလောက်အောင် ကြောက်လန့်တတ်ကြသည် ။ ခုယွင်ရှန့်ဖြစ်နေတဲ့ ခံစားချက်ကလဲထိုအတိုင်းပဲ ။

နတ်ဆိုးရဲ့လက်အောက်မှာ သူစေခိုင်းသလိုနေမည်ဟု ဆုံးဖြတ်ထားပေမဲ့ လက်တွေ့မှာတော့ ထိုအရာတွေက ခက်ခဲလွန်းသည် ။ မနေ့က လုဖန်ပြန်လာပြီးနောက် အခန်းထဲမှာ ပိတ်ထားခံရတဲ့ ယွင်ရှန့်ဟာ Play Room ထဲသို့အပို့ခံလိုက်ရပြန်သည် ။  ဒီမနက်ခင်းကတော့ ယွင်ရှန့်ရဲ့အိမ်မက်ဆိုးတွေ စတင်လာခဲ့သည် ။

မနက်ပိုင်းမှာ အနက်ဝတ်နဲ့ အစောင့်တချို့က ယွင်ရှန့်တစ်ကိုယ်လုံးကို ကြိုးများနဲ့ ရစ်ပတ်ပြီး လက်ဝါးကပ်တိုင်၌ ကပ်ချည်ထားလိုက်ကြသည် ။ ဒါက ပင့်ကူအိမ်မှာ ကပ်ညိနေတဲ့ ပိုးကောင်လေးတစ်ကောင်လိုပဲ ။

ခြေထောက်နှစ်ဖက်ကလဲ ကြမ်းပြင်နဲ့မထိသလို လက်နှစ်ဖက်ကလဲ လှုပ်ရှား၍မရဖြစ်နေ၏ ။ခန္ဓာကိုယ်မှာလဲ အဝတ်မကပ်ထားသည့်အပြင် တင်းကြပ်နေတဲ့ ကြိုးများကြောင့် အနီအဆင်းကြောင်းများပင် ပေါ်လာလေတော့သည် ။

ယွင်ရှန့်မျက်လုံးကို အနက်ရောင်ဖဲကြိုးနဲ့ ကာထားခြင်းကြောင့် သူ့ရဲ့အရှေ့မှာ လူတွေရှိနေသေးလားဆိုတာကို မမြင်နိုင်ဘူး ။ အချိန်အတော်ကြာသည်အထိ ဒီိအခန်းဟာ ခြောက်ချားစရာကောင်းလောက်အောင်ပင် တိတ်ဆိတ်သွားလေသည် ။

* နာကျင်တယ် …… နာကျင်တယ် …… ဒါက သေလောက်အောင် နာကျင်တယ် *

ယွင်ရှန့်စိတ်ထဲတွင် နာကျင်မှုတစ်ခုထည်းကိုသာ ခံစားမိနေ၏ ။ ဘာအကြောင်းကြောင့် ဒီလိုအပြစ်ပေးထားလဲဆိုတာကိုတော့ ယွင်ရှန့်စဉ်းစားတတ်တော့ဘူး ။

ထိုလူရဲ့စိတ်ကို ယွင်ရှန့် ဘယ်လိုမှ မခန့်မှန်းတတ်တော့သလို သူလိုချင်နေတဲ့အရာက မရှုမလှနဲ့ သူ့အရှေ့မှာ သေသွားခြင်းမျိုးလား ဟု ယွင်ရှန့်
အကြိမ်ကြိမ်စဉ်းစားနေမိသည် ။

ထိုအချိန်မှာပဲ အခန်းတံခါးပွင့်လာသံကြားလိုက်ရပြီး လူများဝင်လာသည့် ခြေသံများကိုပါ ကြားနေရသည် ။  ဒါပေမဲ့ ဘာတစ်ခုမှ သူမမြင်နိုင်ဘူး ။ခြေသံတွေက အနည်းဆုံး လူ 5 ယောက် 6 ယောက်ခန့်ဖြစ်မည် ။ ဒိထက်လဲ ပိုနိုင်သည် ။

DOLL  ( 🚨 20+ 🔞🚨 )( Completed )Where stories live. Discover now