Chapter - 2

122K 5.1K 89
                                    


Unicode
~~~~~~~


ထိုဟထားတဲ့တံခါးရဲ့နောက်မှ မှန်တစ်ချပ်ဖြင့် ကာထားပြီး ထိုမှန်ဟာလဲ ကုတ်နံပါတ်တစ်မျိုးနဲ့သာ ဖွင့်လို့ရမည် ။ ဒါကိုမသိတဲ့ ယွင်ရှန့် ထိုမှန်တံခါးကို ဝင်တိုက်မိပြီး အနောက်သို့ ပြစ်လဲသွားလေတော့သည် ။

ထိုအခါ အဲ့ဒိလူက ယွင်ရှန့်ထံသို ဦးတည်ကာ လျှောက်လှမ်းလာပြီး အရူးတစ်ယောက်လို အေးဆက်သောအသံဖြင့်ရယ်နေ၏ ။ ပြီးနောက် သူကဆို၏ ။

" ဟားးးး … ငါထင်တဲ့အတိုင်းပဲ … ဘယ်ခွေးမှသခင်အပေါ် သစ္စာမရှိဘူး … မင်းတို့အကျင့်တွေသိနေလို့ ငါတမင်ဟိုဘက်လှည့်နေတာ …

မင်းတာငြိမ်ငြိမ်းလေး ငါပြန်လှည့်လာတဲ့အထိ ထိုင်နေမယ်ဆိုရင် လိမ်မာတဲ့ခွေးလေးလို လှလှလေး ဝတ်ပေးပြီး ငါနဲ့အတူကစားမယ်စဉ်းစားထားခဲ့တာ … မင်းလဲ သူတို့တွေလိုပဲ သစ္စာမရှိဘူး "

ဒီတစ်ကြိမ်မှာတော့ ထိုလူရဲ့အမူအရာဟာ ပထမတွေ့တုန်းကလို သာမာန်မဟုတ်တော့ပဲ အမှန်အကန်ကို ဒေါသထွက်နေပြီး မျက်နှာတစ်ခုလုံးလဲ မဲမှောင်နေ၏ ။  အစက ယွင်ရှန့် ဒီအခြေအနေမျိုးကို စဉ်းစားမိပြီး ရင်ဆိုင်မည်ဆုံးဖြတ်ထားပေမဲ့ သူထင်ထားသည်ထက်ပင် အခြေအနေကဆိုးရွားလာခဲ့သည် ။

ဒါပေမဲ့ ယွင်ရှန့်သည် လက်မလျော့ပေ ။ ခေါင်းကိုမော့လိုက်ပြီး ဒေါသထွက်နေသည့် ထိုလူအားကြည့်ကာ ဆိုလိုက်၏ ။

" မင်းဘယ်သူလဲဆိုတာ ငါမသိဘူး … ငါမင်းရဲ့အရုပ်လဲ မဖြစ်ချင်ဘူး … ငါ့တစ်သက်နဲ့တစ်ကိုယ် ဒီလိုအောက်တန်းကျတဲ့ အလုပ်မျိုး မလုပ်ခဲ့ဖူးဘူး …

မင်ခုလိုလုပ်နေတာတွေက တဖက်လူလဲ ခံရခက်သလို မင်းရဲ့နာကျင်မှုတွေလဲ သက်သာမယ်ထင်နေလား … မင်းပြောခဲ့သလို မင်းရဲ့အတိတ်ကလူက အဲ့ဒိလို တကိုယ်ကောင်းဆန်ပြီး အရပ်တစ်ရုပ်လိုပိတ်လှောင်ထားချင်တဲ့ မင်းရဲ့အပြုအမူတွေ အတ္တတွေကြောင့် မင်းကိုစွန့်ပြစ်ခဲ့တယ်ဆိုတာ ငါရဲရဲကြီးပြောရဲတယ် "

ထိုအခါတွင် ထိုလူ၏မျက်လုံးထဲတွင် မီးတောက်များကဲ့သို့ ဒေါသအငွှေ့များ ဟုန်းဟုန်ထလာကာ အေးဆက်သည့် လေသံဖြင့် အံကိုကြိတ်ရင်း ယွင်ရှန့်အား တစ်လုံးချင်းမေးလိုက်သည် ။

DOLL  ( 🚨 20+ 🔞🚨 )( Completed )Where stories live. Discover now