Chapter - 74

41.5K 3.5K 181
                                    

Unicode
~~~~~~~

" ဧည့်သည် လာပါဗျ ……ဘာသောက်မလဲ ……××××× အစုံရှိပါတယ်ဗျ ……  ကြိုက်တာမှာယူနိုင်ပါတယ် "

ယွင်ရှန့်တို့ဖျော်ရည်ဆိုင်လေးဟာ ညနေ၌ ပို၍လူစည်ကားနေ၏ ။  ဝယ်ယူသူများ အလျှိုလျှိုရှိနေကြပြီး ထိုထဲကမှ အသစ်ဝင်လာသူ အနီရောင်ဆံနွယ်များနှင့် ပေါ့ပါးသည့်ဝတ်ဆုံကိုဝတ်ဆင်ထားသည့်လူငယ်လေးအား ဝန်ထန်းတစ်ဦးမှမေးနေခြင်းဖြစ်သည် ။ ထိုသူက အပြုံးလေးဖြင့် ဝန်ထမ်းအားကြည့်ကာ ပြောလိုက်သည် ။

" မမှာတော့ဘူးဗျ ……ကျနော်လူတစ်ယောက်ကို လာစောင့်တာ ……ယွင်ရှန့်ကို ပြောပေးပါ ……လူတစ်ယောက် အပြင်မှာ သူ့ကိုစောင့်နေတယ်ဆိုတာ "

" အော် ……ဟုတ်ကဲ့ပါဗျ "

ဆိုင်ဝင်ထန်းလေးက အထဲသို့ပြေးကာဝင်သွားလေသည် ။

" ဟေး …… ငါတို့ရဲ့ယွင်လေးကတော့ ပိုပိုပြီးထူးဆန်းနေတယ် ……ခုအပြင်မှာလဲ လူချောလေးတစ်ယောက်က သူ့ကိုစောင့်နေတာတဲ့ ……ချမ်းသာတဲ့ သခင်လေးတွေထဲကပဲဖြစ်မယ် "

" တကယ် ……ကံကောင်းလိုက်တာဟယ် ……ယွင်လေးကို အားကျလာပြီ "

" မင်တို့ တိုးတိုး တိုးတိုးနဲ့ ဘာတွေပြောနေကြတာလဲ "

အလုပ်ဆင်းချိန်ဖြစ်၍ ယွင်ရှန့်က အဝတ်လဲပြီး ပြန်ထွက်လာခြင်းဖြစ်သည် ။ သူကအ်ိပ်ကို ကျောမှာလွယ်ထားရင်း ကျောင်းစာအုပ်များကိုလက်ကကိုင်ထား၏ ။ ကျောင်းဆင်းဆင်းချင်း အဆောင်သို့မပြန်ပဲ ကော်ဖီဆိုင်မှာ အလုပ်လာလုပ်နေခြင်းဖြစ်သည် ။

" အတော်ပဲ ……လူချောလေးတစ်ယောက် အပြင်မှာ မင်းကိုစောင့်နေတယ် "

ယွင်ရှန့်ကြည့်လိုက်တော့ ထိုလူက ရွီမုဖြစ်နေ၏ ။ သူက ရွီမုကြိုက်တတ်တဲ့ အအေးတစ်ခွက်ကို လက်မှာကိုင်ဆောင်လာရင်း ရွီမုထိုင်နေသည့် စားပွဲဝိုင်းရှိရာသို့ လျှောက်လာခဲ့လေသည် ။

" ဒီအထိတောင်လိုက်လာတာ ဘာကိစ္စရှိနေလို့လဲရွီမု "

ယွင်ရှန့်က သူယူလာတဲ့အအေးခွက်ကို ရွီမုအားကမ်းပေးရင်းဆိုလိုက်၏ ။

DOLL  ( 🚨 20+ 🔞🚨 )( Completed )Wo Geschichten leben. Entdecke jetzt