Chapter - 3

122K 5K 203
                                    

Unicode
~~~~~~~

ရှောင်လုပ်ငန်းစုဟာ ရှန်ဟိုင်း မြို့ရဲ့ စီးပွားရေးနယ်ပယ်မှာ အောင်မြင်နေတဲ့ ထိပ်တန်း အချမ်းသာဆုံးစာရင်းဝင် နံပါတ် ၁ ဖြစ်သလို နိုင်ငံအရပ်ရပ်မှာလဲ စီးပွားရေး ကုမ္ပဏီခွဲများ ချထားပြီး ကမ္ဘာ့အချမ်းသာဆုံး စာရင်ဝင် ၁၅ ဦးထဲတွင် ပါဝင်သည် ။

ထို့ကြောင့် ရှောင်ဟုသော နာမည်ကြားရုံနဲ့တင် ဘယ်သူမှမလေးစားပဲမနေနိုင်လောက်အောင် ထင်ပေါ်ကျော်ကြားသလို ရှောင်ရဲ့မျိုးဆက်များဖြစ်ကြတဲ့ ရှောင်မိုခွန်းနဲ့ ရှောင်လုဖန်ဟာလဲ ချမ်းသာသော မိသားစုများ၌ အထင်ပေါ်ဆုံး သခင်လေးများဖြစ်ကြသည် ။

ရှောင်သခင်ကြီး ရှောင်ရှင်းဖန်ဟာ စီးပွာရေးလောကမှာ နာမည်တစ်လုံးနဲ့ နေသူဖြစ်ပြီး လုပ်ငန်းရှင်တိုင်းက အားကျလေးစားရသူတစ်ဦးဖြစ်သည် ။

ရှောင်သခင်မကြီး လုမိုနန်ဟာလဲ အိမ်တော်ထိန်းသိမ်းရာ၌ စံနမူနာယူထိုက်သည့် အမျိုးကောင်းသမီးအဖြစ် လူကုံထ အသိုင်းအဝိုင်း၏ ဇနီးသည်တွေကြားထဲတွင် ပြောစမက်တွင်သူတစ်ဦးဖြစ်သည် ။

သားအကြီးဆုံး ရှောင်မိုခွန်းဟာ ဘွဲ့ရပြီး ဖခင်ရဲ့လုပ်ငန်းစု၌ မန်နေဂျာအဖြစ် စတင်လုပ်ကိုင်နေသူဖြစ်ပြီး အဖေ့ခြေရာနင်းမဲ့ သားကောင်းဟူ၍ သခင်လေးများကြားထဲတွင် နာမည်ကျော်သူဖြစ်သည် ။

ရှောင်လုဖန်ကတော့ အငယ်ဆုံးဖြစ်သလို အားလုံးရဲ့အချစ်ကိုခံရပြီး ဆိုးသွမ်းသူဖြစ်သည် ။ တက္ကသိုလ် တတိယနှစ်တတ်ရမည့်သူဖြစ်ပြီး ကျောင်းကို သူများတွေနဲ့တန်းတူ မနေချင်၍ သီးသန့်ကိုယ်ပိုင်ကျောင်း၌ ကျောင်းတတ်ခဲ့သည် ။ ထို့ကြောင့် လုဖန်နဲ့အတူ ကျောင်တတ်ဖူးသူဟူ၍ မရှိသလောက်ရှားသည် ။ သူငယ်စဉ်အခါကသာ အစိုးရကျောင်မှာ စာသင်ခဲ့ပြီး တက္ကသိုလ်စတတ်သည့်အချိန်မှစ၍ သီးသန့်ကိုယ်ပိုင်ကျောင်းတွင်ပညာသင်ကြားခဲ့ခြင်းဖြစ်သည် ။

ထို့ကြောင့်လဲ သူဟာ မိန်းမပျိုတွေကြားထဲမှာ ဘုံ ၇ ဆင့်ထပ်က ရွှေမင်းသားလေးတစ်ပါးအလား မြှောက်စားခံရပြီး လူချစ်လူခင်ပေါများသည် ။ လုဖန်စိတ်ထဲတွင်တော့ ထိုမိန်းကလေးများကို အရုပ်ပမာသတ်မှတ်လိုက်ပြီး သူ့ရဲ့စိတ်အပြင်းဖြေဖို့တစ်ခုထဲနဲ့  အလိုရှိသလို အသုံးချတတ်သည် ။

DOLL  ( 🚨 20+ 🔞🚨 )( Completed )Where stories live. Discover now