Chapter - 133

31.8K 2.4K 112
                                    

Unicode
~~~~~~~

ကောင်းကင်ယံဟာ နေမင်းကြီးအလင်းရောင်ဖြင့် တောက်ပချင်သော်လဲ နှင်းမှုန်လေးများရဲ့ တားစီးမှုကြောင့် အုန့်မှိုင်းနေ၏ ။ အစိမ်းရောင်သစ်ရွက်လေးတွေက အဖြူရောင်အဖြစ်သို့ပြောင်းလဲသွားပြီး ပတ်ဝန်းကျင်တစ်ခွင် မြေပြင်တစ်ခုလုံး အဖြူရောင်ပကတိဖုံးလွှမ်းလျှက် တည်ရှိနေသည် ။  နှင်းမှုန်လေးတွေက အာကာတခွင် အဆက်မပြတ် ကျဆင်းလျှက်ရှိရာ နှင်းမိုးရွာနေသည့်အလား ဒီနှစ်ဆောင်းရဲ့ ပထမဆုံးနှင်းကျချိန်လေးက ပန်းချီကာချပ်လေးပမာ ရင်သပ်ရှုမောဖွယ်ကောင်းလွန်းလှသည် ။

အိပ်ယာထက်မှနိုးထလာသည့် ယွင်ရှန့်တစ်ယောက် ဒီနှစ်ဆောင်းရဲ့ ပထမဆုံးနှင်းကျချိန်လေးကို မြင်လိုက်ရတော့ ဝမ်းမြောက်စွာဖြင့် သူ့ရဲ့နဘေးမှာ အိပ်ဆက်နေသည့် လုဖန်အား လှုပ်နှိုးလိုက်လေတော့သည် ။

" လုဖန် ထအုံး …… အပြင်ကိုကြည့်လိုက် "

" ဟင်း … ယွင်လေး …… ကိုယ်မထချင်သေးဘူးကွာ …… အစောကြီးရှိသေးတယ် "

" အမြန်ထဆို … ကြာရင်အရည်ပျော်ကုန်လိမ့်မယ် …… ထ … ထ အမြန်သွားမယ် "

ထိုအခါ ပျင်းလေးသောလေသံဖြင့် လုဖန်ပြန်ဖြေလိုက်ပြီးနောက် ယွင်ရှန့်က အတင်းမရမကနှိုးနေသည့်အတွက် အိပ်ယာထက်ကနေ ထလာလိုက်သည် ။ အသည်းအသန် အပြင်သို့ဆွဲခေါ်နေသည့် ယွင်ရှန့်နောက် အသာအယာလိုက်လာပြီးသည့်နောက်မှ လုဖန်သဘောပေါက်လိုက်သည် ။ ဒီနှင်းလုံးကောင်လေးက နှင်းတွေကိုသဘောကျမှန်း လုဖန်ပြန်အမှတ်ရသွားသည် ။

ယွင်ရှန့်က လက်ကိုဆန့်တန်းကာ နှင်းမိုးများကျနေသည့် မြေပြင်ထက်၌ ပျော်ရွှင်စွာဖြင့် ပြေးလွှားနေ၏ ။ ငယ်စဉ်အခါက မြင်ကွင်းလေးနှင့် ထပ်တူညီလှသည် ။ လုဖန်တစ်ယောက် နှင်းတောထဲမှာ လျှောက်သွားနေသည့် ယွင်ရှန့်ကို မတားစီးမိပဲ ငေးကြည့်နေလိုက်သည် ။ အတန်ကြာတော့မှ အအေးဓာတ်ပိုလာသလို ခံစားလာရ၍ ယွင်ရှန့်အား အိမ်ထဲသို့ပြန်ခေါ်လာခဲ့သည် ။

" နှင်းတွေကို အဲ့လောက်တောင်မှ ကြိုက်လား "

" အင်း … ဒီလိုမျိုး ပထမနှင်းကျချိန်ကို မကြုံရတာကြာပြီလေ …… ဦးလေးအိမ်မှာ ရှောင်ကိုကိုလေးနဲ့တူတူပျော်ခဲ့ရတဲ့ နှင်းကျချိန်လေးက ငါ့အတွက် နောက်ဆုံးပဲ …… ပြီးတော့ ဟိုမှာက ဒီလောက်နှင်းတွေမကျဘူး …… ကျခဲ့ရင်တောင် ငါမြင်ခွင့်မရခဲ့ဘူး …….. အမှန်ပြောရရင် ငါ့အတွက် ရာသီဥတု ၃ ပါပြောင်းလဲမှုကို မခံစားရတာကြာပြီ …… အမြဲအခန်းထဲမှာပဲ အချိန်တွေ ကုန်နေခဲ့တာ "

DOLL  ( 🚨 20+ 🔞🚨 )( Completed )Där berättelser lever. Upptäck nu