Chater - 87

35.5K 3.3K 175
                                    

Unicode
~~~~~~~

စူးရှသောဆေးရနံ့တို့ လွှင့်ပျံနေတဲ့ အခန်းကျဉ်းလေးထဲရှိ ကုတင်ပေါ်၌ ရှောင်လုဖန် သတိမေ့နေဆဲပင် ။ သူနဲ့ဘေးချင်းကပ်လျှက်အခန်းထဲတွင် ယွင်ရှန့်လဲ သတိမေ့နေ၏ ။ လုဖန်ရဲ့ဘေးနားမှာတော့ မိုခွန်း ဒေါ်လေးလီတို့က ကိုယ်လက်သန့်စင်ပေးနေပြီး သခင်မလီဟယ်နာနဲ့ လီသခင်မကြီးတို့က လုဖန်လက်လေးတွေကို တင်းကြပ်စွာကိုင်ခါ ငိုကြွေးနေလေသည် ။

တဖက်အခန်းမှာတော့ ရှောင်သခင်ကြီး ရှောင်မယ်မယ်ကြီးနဲ့ ဦးလေးချန်း နန်းလီ မေလျန်တို့ ယွင်ရှန့်နဘေးတွင် ရပ်ကာ အခြေအနေအား စောင့်ကြည့်နေကြသည် ။  ၂ ယောက်လုံးက အသိစိတ်ရှိနေပြီး ခန္ဓာကိုယ်အားလုံးကောင်းပေမဲ့ သတိမရလာခြင်းကြောင့် ဒေါက်တာများလဲ မတတ်နိုင်ပေ ။ ရှောင်သခင်ကြီးက ဦးလေးချန်းအား အပြင်သို့ခေါ်ကာ ၂ ယောက်ထည်းဆွေးနွေးရန် ထွက်လာခဲ့ကြသည် ။

" Mr.ချန်း ခများက လင်းမိသားစုရဲ့သားငယ်ဆိုပေမဲ့ ဟိုးအရင်က ကျနော်နဲ့ တစ်ခါမှမဆုံဖူးဘူမဟုတ်လား …… ခများအကိုကြီးက ကျနော့မိသားစုအပေါ် ကျေးဇူးတွေရှိခဲ့တယ် …… ကျနော်သိချင်တာက ဒီခလေးကို ခများဘယ်လိုကယ်တင်ခဲ့တာလဲ ……  ပြီးတော့ ဘာကြောင့်အားလုံးနဲ့ အဆက်အသွယ်ဖျက်ပြီး ပုန်းနေခဲ့တာလဲ …… အရာအားလုံးကို ကျနော်သိခွင့်ရှိမလား "

ဦးလေးချန်းက မျက်နှာမကောင်းစွားဖြင့် သက်ပြင်းတစ်ချက်ချလိုက်ပြီး အတိတ်ကအကြောင်းအရာတချို့ကို ပြောပြလေတော့သည် ။

" ရှောင်သခင်ကြီး ကျနော်ဒီအရာတွေကို ဖုံးကွယ်မထားချင်တော့ဘူး …… တကယ်တော့ ကျနော် ယွင်ရှန့်အပေါ် ကောင်းမွန်တဲ့ဦလေးတစ်ယောက် မဖြစ်ခဲ့ပါဘူး …… ဒါတွေအားလုံး ကျနော်အသုံးမကျလို့ဖြစ်ရတာ …… ကျနော်တို့ညီအကို ၂ ယောက်က ၃ နှစ်ပဲကွာပေမဲ့ အကိုကြီးက အရမ်းရင့်ကြပ်ပြီး အားလုံးရဲ့ယုံကြည့်မှု ချစ်ခင်မှု လေးစားမှု အရာအားလုံးကို အရယူနိုင်ခဲ့တယ် …… ကျနော်ကတော့ မရင့်ကြပ်တဲ့အပြင် မိဘကိုတောင် ဒုက္ခပေးမိခဲ့တယ် …… ဒါကြောင့်လဲ အာလုံးက ကျနော့ဆို အကောင်းမမြင်ခဲ့ကြဘူး …… အကိုကြီးမှ အကိုကြီးဖြစ်နေကြတာပေ့ါ ……ပိုဆိုးတာက အကိုကြီးယူလိုက်တဲ့မိန်းမက ကျနော်ရူးမတတ်စွဲလမ်းမိတဲ့သူ ……

DOLL  ( 🚨 20+ 🔞🚨 )( Completed )Where stories live. Discover now