Chapter - 62

43.7K 3.2K 82
                                    

Unicode
~~~~~~~


အုံ့မှိုင်းနေသည့် ကောင်းကင်ကြီးကြောင့် မနက်ခင်း ၆ နာရီခွဲ အချိန်သို့ရောက်သည်ထိ ရှင်းအိပ်ပျော်သွားခဲ့သည် ။  ၇ နာရီမှာ ယွင်ရှန့်ကို ဝင်ခေါ်ရအုံးမည်မို့ ရှင်းအိပ်ယာမှ ကပြာကယာ ထလာခဲ့သည် ။

မနက်စောစောမျက်လုံးပွင့်ပွင့်ခြင်း ရှင်းလုပ်တတ်သည့်အရာတစ်ခုက ကုတင်ပေါ်မှာ ဘေးတစောင်းလေးအိပ်နေတတ်သည့် ဟေးယောင်အား အနောက်ကနေငေးကြည့်ရင်း ရှုတ်ပွနေသည့် အဝါရောင်ဆံနွယ်လေးအား ဖွဖွလေးကိုင်းကာ ပါးလေးအား ထိနမ်းတတ်ခြင်းပင် ။ ဒါကို ဟေးယောင်အိပ်ပျော်နေသည့်အချိန်မှ ရှင်းလုပ်ရဲသည် ။ ဒီနေ့လဲ ကျောင်းချိန်နောက်ကျနေတာတောင်မှ ရှင်းမမေ့လျော့ပဲ ဟေးယောင်ပါးလေးအား နမ်းပြီးမှ ရေချိုးခန်းထဲ ဝင်သွားလေသည် ။

ရှင်းဝင်သွားပြီးနောက် ကုတင်ပေါ်ကဟေးယောင် မျက်လုံးများပွင့်လာပြီး အိပ်ယာခင်းအား ကျစ်ကျစ်ပါအောင် ဆုတ်ကိုင်ထားသည်ကိုတော့ ရှင်းမတွေ့လိုက်ရပေ ။ ရှင်းအဝတ်အစားလဲ ပြင်ဆင်ပြီးသွားတော့ မီးဖိုခန်းထဲက အဆင်သင့်ပြင်ထားသည့် ချက်စရာများကိုကြော်လှော်ပြီး မနက်စာကိုအမြန်ပြင်လိုက်သည် ။ ဟေးယောင်အတွက်သီးသန့်လေးထားပေးထားပြီး သူကမစောင့်ပဲ စားနှင့်လိုက်သည် ။

ပုံမှန်ဆို ဟေးယောင်နိုးမှ စားတတ်ပေမဲ့ ဟေးယောင်လဲ ဒီနေ့မှ မိုးအေးပြီး အိပ်လို့ကောင်းနေသည်မို့ မနှိုးတော့ပဲ စားနှင့်လိုက်သည် ။ ရှင်းစားပြီးသွားတော့ ပန်းကန်ဆေးနေတုန်း အနောက်ကခြေသံများကြားလိုက်ရပြီး ဟေးယောင်နိုးလာပြီဆိုတာ သိလိုက်သည် ။

" ကိုကို …… ရှင်းမနက်စာပြင်ပေးထားတယ် …… မျက်နှာသစ်ပြီးရင်စားလိုက် "

ရှင်းက အနောက်သို့လှည့်မကြည့်ပဲ ပြောလိုက်သည် ။  ဟေးယောင်က ရှုတ်ထွေးနေသောဆံပင်များအာ မရှင်းထားပဲ အိပ်ယာထထခြင်း မီးဖိုခန်းထဲက ရေခဲသေတ္တာထံ လျှောက်လာပြီး ရေသန့်ဘူးကိုထုတ်ယူကာ သောက်လိုက်ပြီးနောက် စားပွဲရှေ့ကခုံပေါ်ဝင်ထိုင်လိုက်သည် ။ ရှင်းက ပန်းကန်တွေဆေးပြီးသွားတော့ ဟေးယောင်ဘက်အားလှည့်ကြည့်လိုက်သည် ။

DOLL  ( 🚨 20+ 🔞🚨 )( Completed )Where stories live. Discover now