Chapter - 43

52.6K 3.5K 292
                                    

Unicode
~~~~~~~

တစ်ရက်ပြီးတစ်ရက် တစ်လပြီးတစ်လ တစ်နှစ်ပြီးတစ်နှစ် အချိန်တွေကုန်ဆုံးလာပေမဲ့ လုဖန်ရဲ့ ဖြူ လုံးလေးအပေါ်တမ်းသမှုကတော့ ပျောက်မသွားခဲ့ပေ ။  လုဖန်က ဖြူ လုံးလေးမရှိတော့သည့်နောက်ပိုင်း သူ့ရဲ့ဝေယာဝစ္စတွေကို အထိန်းတော်တွေအား ပြုစုမခံပဲ ကိုယ်တိုင်လုပ်လေသည် ။ သူကအခန်းလေးထဲမှာ တစ်ယောက်ထည်း ပုံတွေဆွဲနေတတ်သည် ။ လုဖန်အား လိုချင်တာတောင်းခိုင်းလျှင် ဖြူ လုံးကိုသာ တောင်းဆိုသည် ။ ဒီလိုနဲ့ လုဖန်အသက် ၁၃ နှစ်ပြည့်မွေးနေ့သို့ ရောက်လာခဲ့သည် ။

Korea ကပြန်လာပြီး ပေကျင်းက ရှောင်အိမ်တော်ထဲမှာပဲ အလှဆင်ကာ မွေးနေ့ပွဲလေးကျင်းပခဲ့သည် ။  ခုချိန်မှာ လုဖန်က အဖိုးဆုံးမှန်းလဲသိသွားပြီဖြစ်၍ သူ့ဘဝမှာ အချစ်ရဆုံးသူတွေ ဆုံးရှုံးသွားတဲ့အတွက် ရင့်ကြပ်သည့်ပုံပေါ်လာပြီး အရင်လို ခလေးဆန်မှုတွေ ပျောက်သွားခဲ့ပြီ ။ အေးစက်စက်မျက်နှာထားက သူ့ရဲ့မျက်နှာပေါ်မှာ စိုးမိုးလာပြီး ဒေါသကလဲ ယခင်ကထက်ကြီးကာ ပို၍ကြမ်းတန်းလာသည် ။

အရင်လို ဖြူ လုံးလေးကို အရူးတစ်ယောက်လို တကျော်ကျော်တအော်အော် တမ်းသခြင်းမရှိတော့သည်မှာ ၁ နှစ်ခန့်မျှရှိပြီဖြစ်၍ ထိုအချိန်မှ အားလုံးသက်မချနိုင်ခဲ့သည် ။

" လုလေး ဘာလိုချင်လဲပြော …… အရုပ်လိုချင်လား ကြိုက်တာပြော …… အကုန်ဝယ်ပေးမယ် "

လုဖန်က သူ့မွေးနေ့မှာတောင် ပျော်ရွှင်နေပုံမပေါက်ပဲ မျက်နှာတင်းမာစွာဖြင့်ရှိနေပြီး ပွဲလေးပြီးသွားတော့ အခန်းထဲဝင်သွားသည် ။ မိသားစုဝင်တွေက လုဖန်အခန်းလေးထဲကိုလိုက်ပြီး လိုချင်တာ တောင်းဆိုရန် မေးမြန်းနေကြခြင်းဖြစ်သည် ။

လုဖန်က သခင်ကြီးရဲ့ရင်ခွင်ပေါ်မှာထိုင်နေပြီး ဘေးတွင်မိုခွန်းနှင့်သခင်မကြီးရယ် အဖွားဖြစ်သူရယ် အဒေါ်ဖြစ်သူလီလီတို့က ထိုင်နေကြသည် ။

" ဖွားမြေးလေး ဘာလိုချင်လဲ ဖေဖေကို တောင်းလိုက်လေ "

" သား Doll လိုချင်တယ် "

" သားက ဘယ်လို Doll မျိုးလိုချင်တာလဲ …… အကြီးကြီလား ဘယ်အရွယ်လိုချင်တာလဲ "

DOLL  ( 🚨 20+ 🔞🚨 )( Completed )Where stories live. Discover now