Chapter - 22

73.2K 3.7K 198
                                    

Unicode
~~~~~~~

ဒီနေ့ ကော်ဖီဆိုင်လေးဟာ ယခင်ကလောက် လူမရှုတ်တဲ့အတွက် စောစောအလုပ်သိမ်းရန် ပြင်ဆင်နေကြသည် ။ လူသူကင်းပြီး ဆိုင်သိမ်းချိန်ရောက်သည့်တိုင် ထိုင်နေကျစားပွဲပေါ်မှာ စိတ်ပြေနပြေ ထိုင်စောင့်နေသူကတော့ ဟေးယောင်ပင်ဖြစ်သည် ။

မနေ့ညက ယီရှင်း ဟေးယောင်ကိုအိမ်မှာ အိပ်စေပြီးမနက်မှာ နောက်ထပ်လာမတွေ့ရန်နှင့် ဆိုင်ကိုမလာရန် အသေအချာပြောပြီး နှင်ထုပ်ခဲ့သည် ။ ယီရှင်း ထိုလူနဲ့ထပ်ပြီး မပတ်သက်ချင်တော့တာကြောင့်  အပြီးမောင်းထုပ်ခဲ့ခြင်းဖြစ်သည် ။

သို့ပေမဲ့ ဒီနေ့ နေ့လည်ခင်းကနေစပြီး ညနေ ၅ နာရီအထိ ဟေးယောင် ဆိုင်ကိုရောက်လာပြီး အရင်လိုမပြန်တော့ပဲ ယီရှင်းအားစောင့်နေခဲ့သည် ။ ဆိုင်သိမ်းချိန်ရောက်ပြီဖြစ်၍ ဝန်ထမ်းတစ်ဦးမှ ဟေးယောင်အား သတိပေးလိုက်တော့မှ ထိုင်ခုံပေါ်မှထကာ ဆိုင်အတွင်းမှ ထွက်သွားလေသည် ။

ယီရှင်း ဇွဲကောင်းလှသည့် ဟေးယောင်ကိုကြည့်ပြီး သက်ပြင်းရှည်ကြီးချကာ ခေါင်းရမ်းမိသည် ။ ထိုအခါတွင် အနီရောင်စကပ် ပေါင်လည်မရောက်တရောက်နှင့် ဆံပင်ကို လိမ်ကောက်ထားပြီး လှပသည့်အသွင်ဆောင်ထားသည့် အမျိုးသမီးတစ်ဦးက ယီရှင်းအနားရောက်လာပြီး ဤသို့ဆိုလိုက်သည် ။

" ရှင်းလေး ……ဟိုလူချောလေ ဘယ်သူ့ကိုစောင့်နေတယ်ထင်လဲ ……သူဒီဆိုထဲက တစ်စုံတစ်ယောက်ကို ကြွေနေတာဖြစ်မယ် ……အဲ့ဒိလူက အရမ်းကံကောင်းတာပဲ ……ငါဆို ချက်ချင်းဆွဲစိပြစ်မှာ "

သူမကတော့ Fa မကြီးဖြစ်ပြီး ယောက်ျားတကာကို ခွက်နေသူ အပျိုကြီးမမဖြစ်သည် ။ ဒီဆိုင်ကြီး၏ ပိုင်ရှင်ဖြစ်ပြီး အသက်ကတော့ ၃၀ ဖြစ်သည် ။ သို့ပေမဲ့ သူမက အားလုံးကိုရွယ်သူလိုဆက်ဆံပြီး ပျော်ပျော်နေတတ်သူဖြစ်၍ ဆိုင်ရှင်ဟုပင်မထင်ရလောက်သည်ထိ ဖော်ရွှေလွန်းသည် ။

သူမနာမည်က ကျူ းယီယီဖြစ်ပြီး သူမမှာလဲ ပန်းဆီရောင် ဆံပင်တွေကို ပိုင်ဆိုင်ထားသည် ။ ဒါက မျိုးရိုးလို့ဆိုရမလား ။  ကျူ းတစ်မိသားစုလုံးတွင် ပန်းဆီရောင်ဆံသားများကို ပိုင်ဆိုင်ထားပြီး လှပသည့်အဆင်းနဲ့လဲ ပြည့်ဆုံသည် ။ ယီရှင်းက သူမအားကြည့်ကာ အပြုံးလေးဖြင့် ဆိုလိုက်သည် ။

DOLL  ( 🚨 20+ 🔞🚨 )( Completed )Where stories live. Discover now