Part 27

684 28 0
                                    

ခရေလမ်း အပိုင်း၂၇

(Unicode)

"ဟေး!"

မိတ္ထီလာ တက္ကသိုလ်၏ ဘောလုံးကွင်းထဲမှ လူအုပ်ကြီး၏အသံသည် တစ်ကျောင်းလုံးကို လွမ်းခြုံသွားလေသည်။

"ဘာလုပ်နေတာလဲ...ကန်လေကန်လေဟာ"

မိန်းကလေးအချို့သည်လည်း ဘောလုံးပွဲဆို သေလောက်အောင်မုန်းပေမည့် ကျောင်းဘောလုံးပွဲဆိုလျှင်တော့ အာပေါက်မတက် အော်ဟစ်ကာ အားပေးတတ်ကျသေးသည်။
မေဂျာချစ်သော စိတ် ကျောင်းကိုချစ်သောစိတ်ကလေးတွေက အရမ်းလှပလွန်းသော်လည်း သူတို့အနားသွားလိုက်လျှင် ဆူညံလွန်းလှသည်မှာ ဧကန်မလွဲပေ။

"ဟဲ့ အဲ့ဒါလူကိုချတာဟဲ့...ဟဲ့ဟိုဒိုင်ဗိုက်ပူပူလူကြီးမမြင်ဘူးလား"

ဗိုက်ပူပူနှင့် ကွင်းလယ်ဒိုင်ကတော့ မိအိမ့်ပြောသည်ကို ကြားနိုင်စွမ်းမရှိ ကွင်းအတွင်းတွင် အရှေ့အနောက်ပြေးလွှား‌နေသော လူငယ်ဘောလုံးသမားတွေ၏နောက်သို့လိုက်ရလွန်း၍ မောဟိုက်လို့နေလေသည်။ အမှန်တကယ်ဆို မပြေးနိုင်သော လူအား ကွင်းလယ်ဒိုင်မလုပ်ခိုင်းသင့်ဟု ဘုန်းတစ်ယောက်တွေးနေမိသည်။

ဘေးနားမှ သူတို့ကဲ့သို့ သူတို့၏ E majorကို အားပေးနေကျသော အဖွဲ့သည် ကွင်း၏တစ်ဖက်တွင်နေရာယူ၍ တစ်ဖက်က Botany major အဖွဲ့ကလည်း သူတို့၏ ဘောလုံးသမားများကို သောင်းသောင်းဖျဖျအားပေးနေကျသည်။

အခု E majorဘက်တွင် မေဂျာကလူတွေသာမက အခြားမေဂျာမှ ကောင်မလေးတွေလည်းအားပေးနေကျသည်။

အကြောင်းကား

"တေဇ မောင်လေးရေ ကန်ထားနော် အား!"

အမွှာနှစ်ကောင်သည် ကွင်းထဲတွင် နေရာယူထားသောကြောင့် သူတို့၏မျက်စိကို အစာကျွေးရန်သာဖြစ်လိမ့်မည်။

တေဇဇော်အား အားပေးသော နောက်တစ်ယောက်ရှိနေပါသေးသည်။ ထိုသူကတော့ ရေခဲစိမ်ရေဘူးကို ဖြစ်ညှစ်ကာ ဆုပ်ကိုင်ထားသော တေဇဇော်၏ကောင်လေးပင်။

"ငါပြန်တော့မယ်"

"ပြန်တော့မလို့လားဇေယျာ...ပွဲပြီးတော့မှာပါ"

"ခရေလမ်း" (Completed)Tempat cerita menjadi hidup. Temukan sekarang