Part 52

390 21 0
                                    

ခရေလမ်း အပိုင်း၅၂

(Unicode)

မိန်းဆောင်၏အနောက်ဘက်တွင်ရှိသော ရေကန်စိမ်းစိမ်း။ အတန်းပြေးချင်သည့်သူတိုင်း၊ စာမေးပွဲဖြေခါနီးစိတ်အပန်း‌ဖြေလိုသူတိုင်းအတွက် နေရာကောင်းလေးတစ်ခု။ ကန်ဘောင်ပတ်လည်တွင် တမာပင်တွေတစ်စီတစ်တန်းနှင့် နွေဦးဆိုလျှင် တမာပန်းရနံ့ထုံသင်းသောနေရာတစ်ခု။ထိုနေရာလေးတွင် လင်းသူရတို့သူငယ်ချင်းတစ်ဖွဲ့ ဝိုင်းဖွဲ့ကာ အပန်းဖြေနေကြသည်။

ကန်ကို ဝေ့ကာကြည့်လိုက်လျှင် လင်းသူရတို့ထိုင်နေသည့်နေရာ၏ခပ်လှမ်းလှမ်း ရေပြင်ပေါ်တွင် တည်ထားကိုးကွယ်ထားသော ရွှေရောင်စေတီကို ဖူးမျှော်နိုင်ပေသည်။ တမာပင်မှကြွေကြလာသော ရွက်ဝါတို့ကလည်း ရွှေလမ်းခင်းထားသည်အလား ထင်မှတ်ရအောင် ကြည်နူးစွာတည်ရှိသည်။ တမာဟုဆိုလိုက်လျှင် သူတို့၏ကျောင်းကို ပြန်လည်မြင်ယောင်နိုင်လာသည်အထိ ကျောင်း၏ပတ်ဝန်းကျင်နှင့် ကျောင်းဝန်းထဲတွင် တမာပင်တွေအများအပြားတည်ရှိသည်။

"လင်းသူရနဲ့ ထည်ဝါ နင်တို့ကတွဲနေကျတာလား"

ဖုန်းကိုကြည့်နေရင်း ပြောလိုက်သည့် မိအိမ့်၏ စကားကြောင့် တမာပင်အောက်မှာဝိုင်းကာထိုင်နေကျသည့် လင်းသူရတို့အဖွဲ့ မိအိမ့်ကို လှည့်ကာကြည့်မိသည်။

"မဟုတ်ပါဘူး.."

ချက်ချင်းဆိုသလိုပင် ဘုန်းငြင်းလိုက်သည့်အသံကို ကြားသည်။

ပြန်လည်‌တုံ့ပြန်နိုင်စွမ်းမရှိ‌သော လင်းသူရသည့်အသက်ကို အောင့်ထားမိသည့်အတွက် ခပ်တောင့်တောင့်။ ဆောင်းတွင်းတွင် သူ၏လက်တွေတစ်ခဏချင်း ချွေးတွေပြန်လာသလို။ မိအိမ့်ကိုကြည့်နေမိရင်း ကိုယ်တိုင်ပင် မသိပါပဲ မိအိမ့်၏အကြည့်တွေကို အကဲခတ်မိသည်။ တစ်ခုခုဆို ဒုန်းဒုန်းဒိုင်းဒိုင်းပြုလုပ်တတ်သော မိအိမ့်က သူ့အပေါ်မည်ကဲ့သို့ ပြုမူမည် ဆိုတာမျိုးပေါ့။

မိအိမ့်၏မျက်ဝန်းတွေကလည်း သူတို့နှစ်ယောက်အပေါ်မှာ စူးစူးစိုက်စိုက်။ တစ်ခုခုမကျေနပ်သည့်ပုံစံမျိုးနှင့် မိအိမ့်သည် မျက်ခုံးမွှေးတွေက တွန့်ချိုးလို့။

"ခရေလမ်း" (Completed)Where stories live. Discover now