Part 42

488 22 0
                                    

ခရေလမ်း အပိုင်း၄၂

(Unicode)

"တေဇ!"

ခက်ထန်နေတဲ့ လေသံက အသက်ကြီးကြီးလူကြီးတစ်ယောက်ရဲ့ အသံဖြစ်ပြီး အဲ့ဒီအသံက ဘိုးတော်ဇော်ဝင်း၏ အသံဆိုတာ ပြေးမကြည့်ဘဲနဲ့တောင် တေဇဇော်တစ်ယောက်သိရှိခဲ့သည်။
အိမ်တွင် သူတို့အပေါ် ခက်ထန်စွာ စကားပြောတာဆိုလို့ ဒီဘိုးတော်တစ်ယောက်သာရှိသည်။

"ဟေ့ကောင်မင်းကို ခေါ်နေတာမကြားဘူးလား"

"အင်းဘာပြောစရာရှိလို့လဲ"

ချုပ်ချယ်လွန်းသော အဖေကို ပြောနေကျအတိုင်း စိတ်မပါသလိုပြောတော့ အဖြူရောင်တစ်စနှစ်စ‌ပေါက်နေသောမျက်ခုံးမွှေးတွေကို တွန့်ချိုး၍ကြည့်လာသည်။
အဖေနှင့် အမေနဲ့က အသက်ကွာသည်မို့ တေဇဇော်တို့အဖေသည် အသက်ခြောက်ဆယ်ကျော်ကျော်ရှိသော အဘိုးကြီးတစ်ယောက်ဖြစ်၏။
သို့သော် လျင်တုန်းမြန်တုန်းသူ၏ အဖေက အနားသို့ ရောက်လာပြီး သူ၏ဒခေါက်ကွေးဖြတ်ကန်သည်မို့ ဒူးတစ်ချက်ညွန့်သွားပြီး ဆက်ခနဲပြန်မတ်ကာ မျက်လုံးချင်းဆုံကြည့်လိုက်သည်။

"အသုံးမကျတဲ့ကောင် မင်းအဖေငါ့ကို အခု ဘယ်လိုမျက်လုံးနဲ့ပြန်ကြည့်နေတာတုန်း"

တုန့်ပြန်သည့်အကြည့်တစ်ချက်က သူမသိဘဲနဲ့တောင် စူးရဲသွားသည်မို့။

"မင်းအခု အရူးတစ်ကောင်နဲ့ ကြိုက်နေတယ်ဆို"

ဘိုးတော်၏ စကားတွေကို တေဇကြားသွားတော့ မထီတစ်ချက်ပြုံးလိုက်သည်။
ဒီဘိုးတော်သည် အသက်သာ ကြီးသွားတာ မိတ္ထီလာမြို့တစ်ခွင် ဖြစ်ပျက်တာဟူသမျှမသိတာမရှိလောက်အောင် မြေပေါ်မြေအောက်တစ်ခွင် သူ၏လူတွေများပြားသည်မဟုတ်ပါလား။

"မင်းတိုင်းမင်း ယောက်ျားတွေနဲ့ ကြိုက်ကြိုက် ခွေးနဲ့ပဲ ကြိုက်ကြိုက် အေး..နောက်ဆုံး ငါပေးစားသူနဲ့ပဲ မင်းတို့ညီအကိုနှစ်ယောက်ယူရမယ်။ အဲ့တာကို မြဲမြဲမှတ်ထား"

တေဇဇော်၏ခေါင်းကို ဘိုးတော်၏ လက်ဆွဲတော် တုတ်နှင့်တွန်းထိုးနေသည်မို့ ခေါင်းသည် စောင်း စောင်းသွားသော်လည်း တေဇဇော်၏ ပေကပ်ကပ်အကြည့်ကပြောင်းလဲမသွားပေ။

"ခရေလမ်း" (Completed)Where stories live. Discover now