Part 56

420 21 2
                                    

ခရေလမ်း အပိုင်း၅၆

Unicode

"သားလင်း"

ကျောင်းရှေ့တွင်ရှိသော လက်ဖက်ရည်ဆိုင်ထိုင်‌နေရင်းစောင့်မျှော်နေရသူ၏အသံကိုကြားလိုက်ရ၍ လင်းသူရ မော့ကြည့်မိသည်။ ရှပ်အင်္ကျီအဖြူကို အနက်ရောင်ပုဆိုးနှင့် ဝတ်ထားသော လင်းသူရ၏ဦးလေးပြည့်ဖြိုးမောင်သည် တက္ကသိုလ်ဆရာတစ်ယောက်ကဲ့သို့ပင်။ မနေ့တစ်နေ့ကမှ ဦးလေးဖြစ်သူက ဆက်သွယ်လာပြီးတွေ့ကျရအောင်လို့ပြော၍ လင်းသူရသည် ဒီနေ့စောင့်နေခြင်းပင်။

"ထိုင်လေ ဦးလေး"

မတွေ့ရတာကြာပြီဖြစ်သူဦးလေးနှင့် ပြန်လည်တွေ့ဆုံသည်မို့ လင်းသူရ၏စကားတွေက အစိမ်းသက်သက်ဖြစ်နေသည်။ ပလပ်စတစ်ခုံအနီလေးကို ဆွဲ၍ထိုင်ပြီး အသန့်ကြိုက်သော ဦးလေးဖြစ်သူသည် ခုံကိုတစ်ရှူးနှင့် အနည်းငယ်ပွတ်တိုက်လိုက်သေး၏။

ကျောင်းပိတ်ရက်မို့ ကန်တင်းတွင်လူသိပ်မရှိ။ နှစ်ယောက်သား ငြိမ်ငြိမ်လေးထိုင်နေရင်း အကြောင်းမဲ့ ဆိုင်အရှေ့က သက်ကြီးအပင်တစ်ပင်ကို စိုက်ကြည့်မိသည်။

"အကိုတို့ဘာမှာမလဲဗျ"

"လက်ဖက်ရည်တစ်ခွက်နဲ့ အီကြာကွေးတစ်ပွဲ"

"အာ အကို အီကြာကွေးက ကုန်သွားပြီဗျ"

လင်းသူရသည် စားပွဲထိုးကောင်လေးအား လက်တစ်‌‌ချောင်း‌ကို ထောင်ကာမှာလိုက်ပေမည့် ထိုကောင်လေးက အီကြာကွေးမရှိကြောင်း ပြောလိုက်သဖြင့် လင်းသူရနောက်ထပ်မှာရန်အတွက် စဉ်းစားရကြပ်သွားသည်။ သူသည် လက်ဖက်ရည်‌ဆိုင်ရောက်ရင် အီကြာကွေးနှင့် လက်ဖက်ရည်တွဲစားလိုက်ရမှ။

"ဒါဆို လက်ဖက်ရည်နှစ်ခွက်နဲ့ ပေါက်ဆီပဲချပေးတော့ ကောင်လေး။ ပေါက်ဆီကြိုက်တယ်မို့လား "

လင်းသူရခေါင်းငြိမ့်ပြလိုက်တော့ ဦးလေးက ပြုံးကာ စားပွဲထိုးကောင်လေးကို

"ဒါဆို ဒါတွေပဲယူမယ်"

"ပါဆယ်လား ထိုင်စားလား"

"ထိုင်စား"

စားပွဲထိုးကောင်လေးသည် ဂုတ်ပေါ်တွင်ရှိသော တဘက်ပဝါအစုတ်ကလေးကို တစ်ချက်ဆွဲကာ ခုံပေါ်သို့ရှင်းလင်းပေးပြီး

"ခရေလမ်း" (Completed)Where stories live. Discover now