Part 20

859 31 4
                                    

ခရေလမ်း အပိုင်း၂၀

(Unicode)

"ငါ လာလို့ရမလား.... သူကိုတွေ့ချင်လို့"

လင်းသူရရဲ့ တောင်းဆိုမှုကြောင့် တစ်ဖက်ကဖုန်းကိုင်ထားသော သီဟဇော် အနည်းငယ်တိတ်ဆိတ်သွား၏။ မနက်က ဆေးခန်းတွင်းသို့လာတုန်းက တေဇဇော်သည် ရေစိုအင်္ကျီတွေနှင့်ထိုင်ကာ နေနေသောကြောင့် အအေးပတ်မည်စိုး၍ အတင်းပြန်ခိုင်းကာ စိုင်းကို တေဇအစားဆေးရုံစောင့်နေပေးခြင်းပင်။

ဆေးရုံအတွင်းရှိ လူနာစောင့်ခုံလေးပေါ်တွင်ထိုင်ပြီး ကုတင်ပေါ်တွင် ရှိနေသော စိုင်းကိုတစ်ချက်ငဲ့ကြည့်လိုက်သည်။ ကုတင်ပေါ်တွင်ထိုင်နေပြီး ပြတင်းပေါက်ဘက်သို့တွေတွေလေးငေးကြည့်နေသော စိုင်း၏မျက်လုံးတွေသည် အသက်မပါ။
ဖြူဖျော့နေသော မျက်နှာ။ အနည်းငယ်ခြောက်ကပ်နေသောနှတ်ခမ်းပါးကနေ အခုချိန်ထိစကားတစ်ခွန်းမှမထွက်သေးချေ။

"ဇေယျာ... လင်းသူရက မင်းနဲ့တွေ့ချင်လို့တဲ့"

စိုင်းတစ်ယောက်သည် ဒီလိုအခြေအနေထိဖြစ်သွားသည်ကိုသိသော်လည်း သီဟ
သူတို့အားလုံးကို ပြေလည်စေချင်သည်။
စိုင်း၏ ကိစ္စတွင် လင်းသူရအမှားမကင်းသောကြောင့် စိုင်းအပေါ် ဤကဲ့သို့ပြောသည်မှာ ရက်စက်ရာကျသည်ဟု သူထင်မိပါသော်လည်း သူအမှန်တကယ်ပြေလည်စေချင်သည်။

"လင်းသူရလား"

အသက်မပါ၍‌ လျော့ရဲရဲဖြစ်နေသော မျက်နှာက ရေဖန်းထားသောနှင်းဆီပန်းလေးလို တောက်ပစွာပြန်ပြော၍

သီဟဇော်ခေါင်းငြိမ့်ပြလိုက်သည်။

"တွေ့မယ်... ငါသူကို ရှင်းပြချင်တယ် အရင်တုန်းက ကိစ္စတွေကော.. အခုကိစ္စကော... သူ့ကြောင့်မဟုတ်ဘူးဆိုတာလည်း ငါရှင်းပြချင်တယ်"

လင်းသူရကို တွေ့ရမည် ဆိုတာနှင့် စကားအများကြီး ပြောနေသော စိုင်းကြောင့် သီဟဇော်သည် စိတ်ချမ်းသာသွားရသည်။ လင်းသူရနှင့် စိုင်းကြားရှိပြဿနာကို သူ၏ညီဖြစ်သူပြောပြ၍ အတော်အတန်သိရှိခဲ့ပြီ။ သို့သော် လင်းသူရတွေ့ရမည်ဟူသော ကိစ္စရပ်လေးတစ်ခုက စိုင်းကို အဲ့လောက်ထိပျော်ရွှင်ရသော ကိစ္စတစ်ခုအနေနှင့် သူ မတွေးမိတာ အမှန်ပင်။ လင်းသူရအပေါ်ထားသော စိုင်း၏သံယောဇဉ်က ဤလောက်ထိကြီးမားသည်လား။ ဒါမှမဟုတ် စိုင်းသူ့ကိုယ်သူထားသည့် အပြစ်တင်စိတ်က ကြီးမားခဲ့သည်လား။

"ခရေလမ်း" (Completed)Opowieści tętniące życiem. Odkryj je teraz