Part 43

438 24 0
                                    

ခရေလမ်း အပိုင်း၄၃

(Unicode)

ဆောင်းတွင်းရဲ့အအေးဓာတ်က  တဖြည်းဖြည်းမြင့်မားလာခြင်းနှင့်အတူ မိတ္ထီလာမြို့၏လေကလည်း အအေးပိုလို့နေခဲ့သည်။
ကျောင်းဖွင့်ရန်တစ်ပတ်လောက်လိုသေးပေမည့် လင်းရိပ်အဆောင်တွင်တော့ ကျောင်းသားတို့တစ်ဝက်မကပင်ရောက်ရှိနေသောကြောင့် အုံးအုံးကြွက်ကြွက်ပင်။
သို့သော် ဆောင်းတွင်းမို့လို့တော်ရော့မည်။
မဟုတ်လျှင် ဒီလိုအချိန်တွင် ကိုယ်လုံးချွတ်နှင့် ပတ်သွားနေသူက အများသား။
အိမ်ကမိသားစုက သူ့အားကျောင်းဖွင့်မှသွားရန်တားမြစ်နေခဲ့သော်လည်း တားမရအဆုံး ဘုန်းသည် အခု အဆောင်ကို ရောက်ရှိလို့လာသည်။
နှစ်ထပ် ပျဉ်ထောင်အဆောင်လေးနှင့် အဆောင်ရှိခွေးလေးတွေကတော့ သူ့အားကြိုဆိုနေလျက်ပင်။
ဘုန်းသည် အတွေးစတစ်ခုနှင့် စင်္ကြန်ကိုလျှောက်၍ အခန်းတံခါးကို ဖွင့်မည်လုပ်သော် သော့မခတ်ထားသော အခန်းကြောင့် မင်းခန့်လည်း အဆောင်သို့ရောက်နေပြီဖြစ်ကြောင်းသိရှိမိသည်။

"မင်းခန့် မှန်ကြောင်ရေ မင်းအဖေပြန်လာပြီကွ"

တံခါးဖွင့်ဖွင့်ခြင်း မတွေ့ရဖြစ်ပြီဖြစ်‌သောသူငယ်ချင်းကို အားရဝမ်းသာ နှုတ်ခွန်းဆက်သတော့ မင်းခန့်က လှည့်ကြည့်လာသည်။

"ခွေးကောင် မင်းစောစောလာပါ့မလားလို့ ဟားဟား"

မျက်မှန်မပါသော မင်းခန့်က သူ့အား ပြုံးပြုံးကြီးနှင့် ကြိုဆိုသည်။
ထို့နောက် လက်ထဲတွင်ရှိနေသော အိတ်တို့ကို ကူသယ်ပေးသည်။

"ချီးနဲ့မှပဲ အခန်းထဲရောက်နေပြီကို အခုမှလာပြီးသယ် ပေးနေတယ်"

ဘောင်းဘီတိုဝတ်ထားသော ဒူးခေါင်းခပ်နာနာဖြတ်ကန်သော်လည်း သဘောကောင်းသော သူ၏သူငယ်ချင်းက ပြုံးပြုံးကြီးပင်။
သို့သော် နှုတ်ကတော့ ရန်ပြန်စွာ၏။

"လင်းသူရမယားကကွာ"ဟူ၍

"ဇော်နှစ်ဇော်ကော ရောက်နေပြီလား"

အဆောင်တွင်ချန်ထားခဲ့သောအဝတ်ပုံးထဲသို့ သူ၏အင်္ကျီတွေကို ထည့်ရင်း မင်းခန့်အားမေးလိုက်တော့

"ခရေလမ်း" (Completed)Where stories live. Discover now