Part 19

737 30 2
                                    

ခရေလမ်း အပိုင်း၁၉

(Unicode)

Background music
EXO _ for life

မိတ္ထီလာမြို့ရှိပုဂ္ဂလိကဆေးရုံလေးတစ်ခု၏ အခန်းလေးတစ်ခုတွင် ကောင်လေးနှစ်ယောက်ရှိနေပေသည်။
တစ်ယောက်သည် ကုတင်ပေါ်တွင် အိပ်ဆေးကြောင့် အိပ်ပျော်နေသော စိုင်းဇေယျာလင်းဖြစ်ပြီး ကျန်တစ်ယောက်ကတော့ သူ၏ချစ်ရသူ သို့မဟုတ် သူအားချစ်ရသူ တေဇဇော်ဟူသော သူ၏ ကောင်လေးပင်။

တေဇသည် စိုင်းကိုယ်တိုင်လှီးဖြတ်ထားသောကြောင့် ပတ်တီးစီးထားရသော ဘယ်ဘက်လက်ကလေးကို ထိလိုက်ရင်တောင် နာသွားမည်စိုး၍ နူးနူးညံ့ညံ့လေးစိုက်ကြည့်နေ၏။ သူ၏ခန္ဓာကိုယ်မှ မိုးရေစက်တို့သည် တစ်စက်တစ်စက်နှင့် ကြမ်းပြင်ပေါ်သို့ကျနေသောကြောင့် ကြမ်းပြင်တွင် ရေများအိုင်ထွန်းနေပြီး တစ်ညလုံးအအေးဒဏ်ကို ခံထားရသောကြောင့် နဂိုညိုသော နှုတ်ခမ်းပါးတို့သည် မဲပြာလို့နေပေမည့် အအေးဒဏ်ပို အံတုရင်း ပေကပ်ကပ်နှင့်ထိုင်နေသည်မှာ ကြာလှပြီ။

ကုတင်ပေါ်ကကောင်လေးသည် အသက်အန္တရာယ်မရှိတော့ဘူးဆိုသော်ညားလည်း သူစိတ်ပူမိသည်။ နောက်တစ်ကြိမ် ဤကဲ့သို့ အရာမျိုးဆက်လုပ်မည်ကိုလည်း သူစိုးရိမ်သည်။

သူစိုင်းကို စတွေ့သည့်အချိန်က သူသည် ၉တန်းအရွယ်ရှိကျောင်းသားတစ်ဦးဖြစ်သည်။ သူတို့အမွှာနှစ်ယောက်၏ ဦးလေးဖြစ်သူ စိတ်ရောဂါဆရာဝန်သည် စိုင်းအားလူနာအဖြစ်မိတ်ဆက်ပေးရာမှတစ်ဆင့် သိရှိခဲ့ခြင်းဖြစ်သည်။

တေဇဇော် စိုင်းတွေ့တုန်းက အချိန်ကို ပြန်လည်တွေးတောမိသည်။
.
.
.
ဇာတ်ကားတွေထဲတွင် တွေ့ရလေ့ရှိသော စိတ်ကုထုံးလုပ်သည်ကို အလင်းရောင်ခပ်မှိန်မှိန်ထွန်းထား‌သော အခန်းကျင်းလေးထဲတွင် မဟုတ်ပဲ ကော်ဖီဆိုင်တစ်ခုတွင် အပြန်အလှန်စကားပြောနေသော ဦးလေးဖြစ်သူ ဦးမျိုးသာနှင့် စိုင်း။ ထိုအချိန်က မျက်လုံးတောက်တောက်ကလေးတွေနှင့် စိုင်းဇေယျာလင်းဟူသော ကောင်လေးကို တေဇပထမဆုံးအကြိမ် တွေ့ခြင်းဖြစ်သည်။

စိုင်း၏ ခန္ဓာကိုယ်သည် အလယ်တန်းအရွယ်လောက်သာသာရှိသည်မို့ ဦးလေး၏ လူနာဆိုတာ သူမယုံနိုင်ဖြစ်ခဲ့ဘူးသည်။ ကလေးတွေကလည်း စိတ်နဲ့ပတ်သက်ပြီး ရောဂါတွေလည်း ဖြစ်ကျသလားဟူ၍‌ ပေါ့။

"ခရေလမ်း" (Completed)Where stories live. Discover now