Part 22

728 29 0
                                    

ခရေလမ်း အပိုင်း၂၂

(Unicode)

မိုးနံ့သင်းနေသော လေညှင်းတို့သည် ဆိုင်ကယ်စီးနေသော လင်းသူရ၏ကိုယ်ကို ခပ်ပြင်းပြင်းတိုက်ခက်နေသောကြောင့် နားထဲတွင် တဝီဝီနှင့်ဟစ်အော်နေကျသည်။
လမ်းရှိ လမ်းမီးတိုင်မှိန်မှိန်လေးအောက်တွင် ဖြတ်သွားနေသော အရာဟူ၍ လင်းသူရ၏ ဆိုင်ကယ်တစ်စီးထဲသာ။
ည၏တိတ်ဆိတ်မှုတွေနှင့် လမ်း၏ဘေးတစ်ဖက်ရှိ ထန်းတောတွေကြောင့် ခြောက်ခြားဖွယ်ဖြစ်နေပေမည့် သူ၏ဆိုင်ကယ်နောက်တွင်ရှိသော ကောင်လေးကြောင့် မကြောက်မိပေ။

ဘောလုံးကန်ပြီးသည်နှင့် ည၁၁နာရီလောက်ထိုးသွားပြီဖြစ်သောကြောင့် ဘောလုံးကန်သည့်အကိုတို့နှင့်မင်းခန့်၏ တစ်ဝိုင်းဟူသောဖိတ်ခေါ်သံကို လျစ်လျူရှု၍ ပင်ပန်းနေသောဘုန်းကြောင့် သူတို့ပြန်လာခဲ့ခြင်းပင်။

"ငါ ပင်ပန်းနေလို့...ခဏလောက်မှီမယ်"

ဘုန်း၏အပြောနှင့်အတူ သူ၏ပုခုံးပေါ်သို့ရောက်လာသော ဘုန်း၏ခေါင်းလေး။‌
စ‌တွေ့တုန်းကထက် အနည်းငယ်ရှည်လာသော ဆံပင်တွေက ဆိုင်ကယ်၏အရှိန်ကြောင့်တလွင့်လွင့်ဖြစ်‌နေတာကို လင်းသူရ၏မျက်လုံးထောင့်ကနေ လှမ်းမြင်ရသည်။
ကျောဘက်မှ ထိကပ်နေသော ဘုန်း၏ရင်ခွင်ကြောင့် သူမှာ အသက်ရှုရပ်မတက်ဖြစ်ရသည့်အပြင် သူ၏ခါးထက်ကဘုန်းလက်တွေ ရောက်ရှိလာသည်။
ဘုန်းကတော့ သူ့ကို အသေသတ်ဖို့ကြံနေခြင်းပင်။
ရုတ်တရက်ဆန်လွန်းသောဘုန်း၏အပြုအမူကြောင့် လင်းသူရဆိုင်ကယ်လက်ကိုင်အနည်းငယ်ယိုင်သွားလေတော့ သူ၏ခါးကိုပိုမိုကာခပ်တင်းတင်းဆုတ်ကိုင်လာသော ဘုန်း၏လက်‌တွေ။

"ငလင်း သေကုန်တော့မှာပဲ... ဘယ်လိုတွေတောင် မောင်းနေတာလဲ"
နားထဲရောက်လာသော ဘုန်း၏အသံနှင့်အတူ သူရင်တုန်စွာနှင့်
ဆိုင်ကယ်ကိုရပ်လိုက်၏။ ဆိုင်ကယ်မှောက်သွားမည်ကို ဆိုးသည့်အတွက်ကြောင့်လား ဘုန်းက သူ၏ခါးကိုဖက်လိုက်သည့်အတွက်ကြောင့်လား သူဝေခွဲမရပေ။

"ဟေး မင်းဘာလို့ရပ်လိုက်တာလဲ"

ဆိုင်ကယ်ယိုင်သွားကာ ဆက်မောင်း၍ရသော အနေအထားတွင်ရှိသော်လည်း လင်းသူရကဆိုင်ကယ်ရပ်လိုက်သောကြောင့် ဘုန်းတစ်ယောက်မေးလိုက်ခြင်းပင်။

"ခရေလမ်း" (Completed)Where stories live. Discover now