Part 25

779 28 0
                                    

ခရေလမ်း အပိုင်း၂၅

(Unicode)

"ဘုန်း"

ခပ်တိုးတိုးအသံက ဘုန်း၏နားနောက်မှ ပေါ်ထွက်လာသော်လည်း ဘုန်းလှည့်မကြည့်ဖြစ်ခဲ့ ။ ထိုအသံသည် နှစ်‌ရက်လောက်နီးပါးသူ မကြားခဲ့ရသော လင်းသူရ၏အသံဖြစ်မှန်း ဘုန်းတစ်ယောက်သိခဲ့သည်။

ဘုန်းလှည့်မကြည့်ဘဲနေလေတော့ မိုးကြောင့်ခပ်စိုစိုဖြစ်နေသည့် သစ်သားခုံဝိုင်းလေးတွင် လင်းသူရကတော့နေရာယူနေလိုက်သည်။ နားရွက်နောက်ကို အသာကုပ်ကာ ဘုန်းအားချော့ရမည့်အကြောင်းများကို ခေါင်းထဲတွင်စာစီနေလေသည်။

လင်းသူရသည် ဘုန်း၏အနားတွင်ထိုင်နေတာကြာပြီဖြစ်သော်လည်း စကားတစ်ခွန်းမှမပြောသဖြင့် လင်းသူရကို ဘုန်း စိတ်ပေါက်စွာလှည့်ကြည့်လိုက်သည်။

"မင်း ငါ့ကို ...ဘာစကားမှပြောစရာမရှိတော့ဘူးလား!"

စွာစိနေသော ဘုန်း၏စကားသံနှင့်အတူ လေအဝှေ့တွင်ခရေပင်တို့တညိမ်းညိမ်းဖြစ်သွားသည်။ ကြွေကျနေသော ခရေပန်းတို့ တလှိမ့်လှိမ့်ဖြစ်သွားပြီး မနေ့ကရွာထားသောမိုးကြောင့် သစ်ပင်ပေါ်ရှိမိုးရေစက်တို့သည်လည်း တဖြောဖြောကြွေကျလာတော့

မိုးရေပေါက်တို့ ဘုန်း၏ခေါင်းပေါ်သို့ မကျစေရန် လင်းသူရသည် သူ၏လက်တွေနှင့် ဘုန်း၏ခေါင်းထက်မိုးပေးလိုက်သည်။

ရွှန်းလဲ့နေသော မျက်ဝန်းအောက်တွင် မျက်တွင်းနည်းနည်းညိုနေသည်က မနေ့က ဘုန်းနှင့်သူ၏အဖေတို့ ဘောလုံးပွဲကြည့်ခြင်း၏အကျိုးရလဒ်ပင်။ မနေ့က အိပ်ရေးမဝ၍စိတ်မကြည်သော်လည်း လင်းသူရ၏နူးညံ့‌သောလုပ်ရပ်ကြောင့် ရင်ခွင်၌ တသိမ့်သိမ့်ဖြစ်ပြီး သူ၏တကိုယ်လုံးပင် နွေးထွေးသွားသလို။

"ငါတောင်းပန်ပါတယ်... အဲ့နေ့က ငါ မစဉ်းစားပဲ ပြောမိသွားတယ်"

ဝတ်ထားသောအပေါ်ထပ်တွင်ကျနေသော ရေစက်တွေကို ခါထုတ်ရမယ်ဖြစ်သော်လည်း သူ၏ရှေ့ကကောင်လေး၏မျက်ဝန်းတည့်တည့်ကို ကြည့်၍ လင်းသူရတောင်းပန်လိုက်သည်။

"မင်းစိတ်ဆိုးနေသေးရင် ငါမင်းကို တစ်ခုခုလိုက်ကျွေးမယ်... ဘာစားမလဲ မိုးအေးအေးနဲ့ဆိုတော့ ပူပူစပ်စပ်လေးစားကျမလား"

"ခရေလမ်း" (Completed)Where stories live. Discover now