Part 41

499 24 2
                                    

ခရေလမ်း အပိုင်း၄၁

(Unicode)

"ငတေ မင်းဘယ်လိုလုပ် ငါ့အခန်းထဲ ရောက်နေတာလဲ"

စိုင်းသည် ရေချိုးခန်းထဲက မျက်နှာသစ်ပြီး ထွက်လာချိန်သူ၏အခန်းထဲတွင် တွေ့လိုက်ရသော တေဇဇော်ကြောင့် လန့်သွားရသည်။
အမေသည် သူ၏ကောင်လေးဟု သိထားသော တေဇဇော်ကို အမြင်မကြည်။
ထို့ကြောင့် အမေနှင့်တေဇဇော်တို့ တိုက်ရိုက်ဆုံတွေ့ကာ ပြဿနာဖြစ်မည်ကို သူစိုးရိမ်မိသည်။

"အမေသိသွားလိမ့်မယ် မင်းပြန်လိုက်တော့"

သို့သော် တေဇဇော်သည် သူ၏ရှေ့တွင် ကျောက်ရုပ်တစ်ရုပ်ကဲ့သို့ ရပ်နေကာ သူအား စူးစူးစိုက်စိုက်ကြည့်နေသည်။
သူ၏မျက်ဝန်းတွေထဲမှ တစ်စုံတစ်ခုကိုရှာဖွေနေသလို အကြည့်မျိုး။

"ငတေ မင်းကို အမေက ကြည်တာမဟုတ်ဘူး မင်းဘယ်လိုလုပ် ငါ့ အခန်းထဲရောက်နေတာလဲ အမေတွေ့သွားရင်.."

စိုင်း၏ခြေလှမ်းတွေကို ရှေ့တိုးရင်းပြောလိုက်‌သော်လည်း တေဇဇော်၏ တင်းကျပ်သော ပွေ့ဖက်မှုကိုသာ ခံလိုက်ရသည်။

"ဟေ့ကောင် မင်း ငါကိုလွတ် ရူးနေတာလား"

လက်တွေက တေဇ၏ပခုံးတွေကို ပုတ်၍ပြောနေပေမည့် တေဇဇော်က

"ခဏလေး စိုင်း ငါပြောတာခဏ‌ေလး နားထောင် မင်းကို အန်တီက တံခါးပိတ်ထားသေးလား"

တေဇဇော်၏ စကားတွေကြားမှာ ပုခုံးကို ပုတ်နေသည့် စိုင်း၏လက်တွေ ရပ်တန့်လို့သွားသည်။
တေဇဇော်၏ ဖက်တွယ်မှုတွေကလည်း မျက်နှာချင်းဆိုင်အနေအထားသို့ ပြောင်းလဲလို့သွားသည်။

"စိတ်မပူပါနဲ့ အမေက ငါ့ကို အချိန်အကြာကြီးမပိတ်ထားပါဘူး ငါကိုစိတ်ပူလို့လား"

စိုင်းသည် လက်ကို ခပ်မြင့်မြင့် မြှောက်၍ အရပ်ရှည်လွန်းသော တေဇဇော်၏ မေးနှင့်ပါးကို ပွတ်သပ်လိုက်တော့ ‌မေးပေါ်မှာရှိနေသည့် အမွှေးကြမ်းကြမ်းတွေ၏ စူးရှမှုကို ခံစားလိုက်ရသည်။
ညိုနေသောနှတ်ခမ်းပါးတွေတောင် ခပ်ခြောက်ခြောက်ဖြစ်နေသည်က စိုင်း၏နှလုံးခုန်သံကို မြန်စေသည်။
ဒီလူသားကို ချစ်နေပြီလို့ သိနေမိသည့်အချိန်ကတည်းက လွှတ်ထားမိသော ရင်ခုန်သံတွေက ‌တေဇဇော်ဆိုသော ကောင်လေးကို အရမ်းတွေမှ စွဲလမ်းနေခဲ့ပြီလို့ အခါခါအော်မြည်နေသည်။

"ခရေလမ်း" (Completed)Where stories live. Discover now