Part 2

3.2K 100 2
                                    

ရေလမ်း အပိုင်း

(Unicode)

ဒီနေ့က ကျောင်းတက်ရမဲ့ပထမဆုံးနေ့မို့ ကျောင်းအပ်ခံမည့်နေရာတွင် ပထမနှစ်ကျောင်းသားတို့နှင့် ပြည့်ပြည့်နှက်နေသည်။ ပုံမှန်ဆိုလျှင် အိမ်နှင့် ကျောင်းသာ အသွားအလာရှိသော လင်းသူရအဖို့ လူအများကြား‌ထဲနေရသည်ကို မကြိုက်။ သူနေခဲ့သည့်ရပ်ကွက်‌ရှိ အထက်တန်းကျောင်းလေး၌လည်း ဤလောက်များသောလူတွေနှင့် မတွေ့ခဲ့ရသည့် သူ့အတွက် စိတ်ရှုပ်ရသည်။ လူတစ်ယောက်နှင့်တစ်ယောက် ခြေချင်းလိမ်နေသော ထိုနေရာမှထွက်လာပြီး အဓိပတိလို့ရေးထိုးထားတဲ့ လမ်း‌‌လေးကို လျှောက်ကြည့်နေမိသည်။
မနက်ခင်းစောစော ကြွေကျနေသော ခရေပန်းတို့သည် လမ်းတစ်လျှောက် စိုက်ထားသော ခရေပင်တွေအောက်တွင် များပြားစွာ။
သို့ကြောင့် ဤလမ်းကို ‌အချို့သော ကျောင်းသားများက ခရေလမ်းလို့ ခေါ်စမှတ်ပြုသည် ဖြစ်ရမည်။

ကြွေကျနေသော ခရေပန်းတွေကို ကောက်ယူမဲ့သူမရှိပေမည့် လင်းသူရသည် ခရေတစ်ပွင့်ကို ကောက်ယူကာ နမ်းရှိုက်လိုက်သည်။
မွှေးပျံသော ‌ခရေပန်းနံ့က လင်းသူရအားအပြုံးတစ်ပွင့်ကို ဖြစ်ထွန်းစေသည်။
ခရေပန်းအနည်းငယ်ကို ကောက်ယူပြီး လက်ဖဝါးထဲတွင်ကာ နမ်းရှိုက်ရင်း အရိပ်ကောင်းကောင်းခရေပင်အောက်ရှိ သစ်သားခုံဝိုင်းလေးတွင် ထိုင်မိသည်။
နေရောင်ခြည်နွေးနွေးလေးကဖြာကျ‌နေပြီးကျောင်းဂိတ်ပေါက်ကနေ လူအများအပြားသည် ဝင်သည်။ ထွက်သည်။
တစ်ချိန်ကျရင် လူပါးသွားမည်ဟူ၍ ထင်သည့်အတွေးက မှားယွင်းသွားသည် ထင်၏။
လျော့မနည်းသွားသော လူတွေက ပို၍ပင် များလာသယောင်။
ကြွေကျထားသော ခရေပန်းတွေတောင် လူသားတို့၏‌နင်းချေချက်‌ကြောင့် မြေပြင်တွင် ပြားပြားဝပ်ရသည်။
ဒီအချိန်တွင် ခရေပန်းတွေကို နမ်းရှိုက်သူဟာ သူတစ်ယောက်တည်းပဲရှိပါလား။

အတွေးနှင့်အတူ လက်ထဲတွင်ရှိနေသော ခရေပန်းအချို့ကို ကျောပိုးအိတ်ထဲသို့ထည့်သည်။
ပုံမှန်ထက် ရှည်နေသော ဆံပင်ရှည်တွေကို မသေမသပ်စွာ စည်းနှောင်လိုက်သည်။

"ဟာ... မေမေ ဖေဖေကလည်းသားကိုယ်တိုင်ကျောင်းအပ်ပါ့မယ် ဘာလို့လိုက်လာကျတာလည်းသားကလေးမဟုတ်တော့ဘူး...
သားဘာသာ လုပ်နိုင်တယ်.. နောက်လည်းတစ်ယောက်တည်း လာရမယ့်ဟာကို.."

"ခရေလမ်း" (Completed)Where stories live. Discover now