Part 66

940 29 0
                                    

ခရေလမ်း အပိုင်း၆၆

(Unicode)

သားလေးမူးလဲလို့တဲ့ ဆိုတဲ့ စကားသံကိုကြားတော့ ဦးမြင့်ဝေ၏ စိုးရိမ်စိတ်က သွေးတိုးစေသည့်အထိ ဖြစ်သွားခဲ့သည်။ ရုံးကအလုပ်တွေကို ပစ်ထားခဲ့ပြီးချက်ချင်း ဆေးရုံသို့ အပြေးအလွှားပြေးသွားသည်။ မူးဝေနေသည့် ခံစားချက်တွေကို လျစ်လျူရှူပြီး ကားကို မြန်မြန်မောင်းနှင်ကာ ဒေါ်လှသူဇာနှင့် သမီးဖြစ်သူကိုတောင် ဖုန်းဆက်ဖို့ အမေ့မေ့ အလျော့လျော့ပင်။

ဘုန်းလေးရဲ့ ခံစားချက်တွေကို ထိန်းချုပ်ဖို့ ပြောခဲ့တဲ့နေ့ကစပြီး ဘုန်းရဲ့ ကျန်းမာရေးအခြေအနေပိုဆိုးလာတာကို သူရိပ်စားမိပေမယ့် တင်းခံထားမိသည်။ တစ်ချိန်ချိန်ရောက်ရင်တော့ သူ၏သားလေး ပုံမှန်အခြေအနေတွင် ပြုံးပျော်နေမှာပေါ့လို့။ သို့ပေမယ့် အချိန်တွေကြာလာတာနဲ့ အမျှ ကျန်းမာရေးအခြေအနေပို၍ဆိုးသွားသော ဘုန်းသည် အခုတော့ အရေးပေါ်အခန်းထဲတောင် ရောက်သွားခဲ့သည်တဲ့။

သားနှင့်ပတ်သတ်လျှင် အစိုးရိမ်ကြီးခဲ့သူ ဦးမြင့်ဝေတစ်ယောက်သည် ကားစီယာတိုင်ကို ခပ်တင်းတင်းကိုင်ရင်း ကားကို တစ်ဟုန်ထိုး မောင်းနှင်လိုက်သည်။ အလုပ်လုပ်သည့်ကုမ္ပဏီနှင့် အနည်းငယ် အလှမ်းဝေးသော မိတ္ထီလာဆေးရုံကြီးသို့ ဦးမြင့်ဝေတစ်ယောက် ဆယ့်ငါးမိနစ်အတွင်းရောက်ရှိလို့သွားသည်။ ကားပေါ်မှ ခပ်မြန်မြန်ဆင်းရင်း သားဖြစ်သူရှိသည့် အရေးပေါ်အခန်းကို ကောင်တာမှာထိုင်နေသည့် နာ့စ်တို့ကိုမေးလိုက်သည်။ ညွှန်ပြလိုက်သည့် အခန်းကိုလည်း တုံ့ဆိုင်းမှူမရှိဘဲ အလျင်အမြန်သွားရင်း စိတ်ထဲမှာ သားလေးအတွက် ဆုတောင်းနေမိသည်။

စိုးရိမ်တကြီးပြေးလာရင်း ဘုန်း၏အရေးပေါ်အခန်းရှေ့မှာ ဦးမြင့်ဝေတွေ့လိုက်ရသော ဟိုကောင်လေး။ ဘုန်းလေးကို သူနဲ့ ခွဲဖို့လုပ်ရင်း သားအခြေအနေတွေက ပို၍ဆိုးသွားခဲ့သည်မှာ သူကြောင့်ဆိုလည်းမမှားပေမယ့် လင်းသူရ၏ ပုခုံးကို ဆွဲကာ

*ခွပ်

ဦိးမြင့်ဝေသည် မျက်နှာကို မော့ကာ လင်းသူရ၏ မျက်နှာကို အားပြင်းပြင်းနှင့်ထိုးလိုက်သည်။

"ခရေလမ်း" (Completed)Where stories live. Discover now