Part 17

758 30 0
                                    

ခရေလမ်း အပိုင်း၁၇

(Unicode)

Background music
Chanyeol_ Tomorrow

နေရီဝိုးတဝါး ညနေခင်းအချိန်လေးတွင် ဘုန်းတစ်ယောက်သည် ဆိုင်ကယ်လေးစီးရင်း အိမ်မှ အဆောင်သို့ ပြန်လာရာလမ်းတွင် ဖြစ်သည်။ ဆိုင်ကယ်လေးကို မောင်းရင်းဖြတ်သွားသော လမ်း၏ဘေးတစ်‌ဖက်တွင် ပုစွန်ဆီရောင်သမ်းနေသော နေလုံးကြီးနှင့် ကန်ရေပြင်၏ အလှကို ဘုန်းခံစားနိုင်သည်။
ဆိုင်ကယ်ကို ခဏရပ်၍ ကန်ဘောင်ဘက် တစ်နေရာသို့ အပန်းဖြေ လမ်းလျှောက်ထွက်ရင်း မျက်စိဝေ့ကာကြည့်မိတော့ ကန်ဘောင်ရှိပတ်လမ်းလေးတွင် လူ့နှစ်ရပ်လောက်ရှိသော ပန်းပင်လေးများက အဝါရောင်ပန်းများကို အစွမ်းကုန် ဖူးပွင့်နေသည်မှာ သာယာဖွယ် တွေ့မြင်လိုက်ရသဖြင့် စိတ်ထဲတွင်ကြည်နူးသွားရသည်။

အိမ်မှ မိမိ၏သူငယ်ချင်းအုပ်စုပြန်သွားချိန်တွင် အိမ်နှင့် ခွဲမနေဖူးသော ဘုန်းသည် မိဘများနှင့် အလွမ်းပြေတဲ့ အထိနေရန်ဆုံးဖြတ်လိုက်သော်လည်း လင်းသူရအားတွေ့ချင်နေသဖြင့် အိမ်တွင် ညတောင်မအိပ်ဘဲ ပြန်လာခဲ့သည်။

အမေနှင့် အမကတော့ ဘုန်းအားကောင်မလေးရနေလို့ ဒီလို ခြေမငြိမ်တာဟု ပြောနေသော်လည်း သူသည် ယောက်ျားလေးတစ်ယောက်အပေါ်မှာသာ ရင်ခုန်နှုန်းတွေမြန်‌နေခဲ့ခြင်းပင်။
မိသားစု၏ ဂရုစိုက်မှုကို ခံရတိုင်းဘုန်းသည် ယောက်ျားလေးတစ်ယောက်ပေါ် ချစ်ခဲ့မိခြင်းအပေါ် စိတ်မလုံမလဲ ဖြစ်မိသည်။
နောက် အားနာရသည်။

ကန်ဘောင်ရှိလက်တန်းလေးကို လက်တင်၍ ခန္ဓာကိုယ်ကို ကိုင်းပြီး အရှေ့က ရေပြင်ကျယ်ကို မျက်နှာမူလိုက်သည်။ ပုစွန်စီရောင်သန်းနေသော ကန်ရေပြင်သည် လှပပြီး စိတ်ကိုနှစ်သိမ့်နိုင်စွမ်းရှိသော်လည်း လွမ်းမောဖွယ်ဓာတ်တစ်ခုကိုလည်း ဆောင်နေပေသည်။

နှလုံးသားမှ နင့်ကတည်း ခံစားချက်ကြောင့် ဘယ်ဘက်ရင်ဘက်ကို ညာဘက်လက်နှင့်ကိုင်ကာ ဘုန်းသည်အားနှင့်ဆုတ်ညစ်ထားမိသည်။ အသက်ရှူမဝဖြစ်လာသော ခံစားမှုနှင့်အတူ ကန်ဘောင်တွင်တန်း‌ထားသော လက်တန်းများကို မှီကာ ကန်ရေပြင်အား ကျောပေးကာ ခင်းထားသော လမ်းကလေးထက်တွင် ထိုင်ချလိုက်ရတော့သည်။

"ခရေလမ်း" (Completed)Where stories live. Discover now